ဒသမအကြိမ်မြောက် ရန်အောင်မြင်ပရိယတ္တိသာသနပါလစာမေးပွဲ စာအောင်ဆုနှင်း သဘင်ကျင်းပ

သထုံ        ဖေဖော်ဝါရီ         ၁၈

မွန်ပြည်နယ်၊ သထုံမြို့၊ ရန်အောင်မြင်ပရိယတ္တိသာသနပါလအသင်းကြီးမှ ကြီးမှူးကျင်းပခဲ့သည့် ဒသမအကြိမ်မြောက် ပရိယတ္တိသာသနာ့ပါလစာမေးပွဲ စာအောင်ဆုနှင်းသဘင်နှင့် စာရေးတံမဲ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက သိမ်ကုန်းရပ်ကွက်ရှိ ရန်အောင်မြင်ကျောင်းတိုက်၊ တိုင်လူံကြီး‌ ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကြွရောက်‌တော်မူလာကြသည့် သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ (၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒါစရိယ သဒ္ဓမဇောတိကာရာမကျောင်းတိုက်ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသုမနာဘိဝံသ ထံမှ အနုမောဒနာတရား နားယူကြသည်။

ယင်းနောက် စာအောင်သံဃာ‌တော်နှင့် သီလရှင်တို့အား ရန်အောင်မြင် ပရိယတ္တိသာသ နပါလစာမေးပွဲကျင်ပရေး ကော်မတီမှတာဝန်ရှိသူတို့က အတန်းစဉ် အလိုက် စာအောင်လက်မှတ်နှင့် ဆုများချီးမြှင့်ပေးကြပြီး အလှူရှင်များမှ စာရေးတံမဲဖွင့်ဖောက်၍ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဒဿမအကြိမ်မြောက် ရန်အောင်မြင်ပရိယတ္တိသာသနပါလစာမေးပွဲကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ ၃ ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ရာ ရှင်သာမဏေနှင့် သီလရှင်စုစု‌ပေါင်း ၁၁၉၁ ပါးတို့ လာရောက်ဖြေဆိုတော်မူခဲ့ကြပြီး ဥပစာတန်း ၃၀၃ ပါး၊ ဥပစာအငယ်တန်း ၁၅၅ ပါး၊ ဥပစာအလတ်တန်း ၁၅၆ ပါးနှင့် ဥပစာအကြီးတန်း ၅၃ ပါး၊ စုစုပေါင်း ၆၆၇ ပါးတို့ အောင်မြင်တော်မူခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်