ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဥ် (၁/ ၂၀၂၄) ဆင်းပွဲ အခမ်းအနား ကျင်းပ
Feb 18,2024
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနတို့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်အရှေ့ပိုင်းခရိုင် မီးသတ်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုကြီး ဦးဆောင်၍ ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဥ် ( ၁/ ၂၀၂၄) ဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက သာကေတမြို့နယ်ရှိ အရှေ့ပိုင်းခရိုင် မီးသတ်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေး တက်ရောက်၍ သက်တန်းဆင်း အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေး အမှတ်စဥ် (၁/ ၂၀၂၄) သင်တန်းဆင်း လက်မှတ်များကို ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေး ကပေးအပ်ရာ သင်တန်းသားများကိုယ်စား သင်တန်းသား ဦးကျော်သူက လက်ခံရယူခဲ့သည်။