အထက်မင်းလှ ဖေဖော်ဝါရီ ၁၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကျောင်းထိုက်ဆရာတော်ကြီးများ ဦးစီးကျင်းပပြုလုပ်သော (၄၄) ကြိမ်မြောက် ဝိနယာဓိက စာမေးပွဲကို ယနေ့နံနက် (၇) နာရီခွဲက မြို့မရပ်ကွက်၊ ရွှေဘုန်းသာဘုရားဓမ္မာရုံ၌ ကျင်းပခဲ့သည်။
အဆိုပါ ဝိနယာဓိက စာမေးပွဲ ဖြေဆိုရာတွင် မူလတန်း (၅၀)ပါး၊ ပထမတန်း (၃၉)ပါး၊ ဒုတိယတန်း(၁၅)ပါး၊ တတိယတန်း(၉)ပါး၊ စတုတ္ထတန်း(၅)ပါး၊ စုစုပေါင်း (၁၁၈)ပါး ဖြေဆိုခဲ့ရာ မူလတန်းတွင် ရှင်ကျင့်ဝတ်ဘာသာ၊ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်းနှင့် စတုတ္ထတန်းတို့တွင် ဝိနည်းဘာသာ၊ သဒ္ဒါဘာသာ၊ သင်္ဂဟဘာသာရပ်များကို ဖေဖော်ဝါရီ (၁၈) ရက်နေ့မှ (၁၉) ရက်နေ့အထိ တစ်နေ့လျှင် (၂) ဘာသာ ဖြေဆိုလျက်ရှိသည်။
မင်းလှမြို့နယ်တွင် (၄၄) ကြိမ်မြောက် ဝိနယာဓိက မြို့ပေါ်ရပ်ကွက်အသီးသီးရှိ အလှူရှင်များက စုပေါင်း၍ အရုဏ်ဆွမ်း၊ နေ့ဆွမ်းနှင့် အချိုရည်များ ဆက်ကပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)