သတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် အထက်ဆန်ဂေါင်-လုံနဒမ်း-ဇီယာဒမ်းလမ်း (ရေခဲတောင်သွားလမ်း) ဖောက်လုပ်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး၊ ရေခဲတောင်ခြေရှိ ဇီယာဒမ်းကျေးရွာ၌ ဒေသတွင်းရှိ ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပ
Feb 18,2024
မြန်မာပြည်မြောက်ဖျားပိုင်း ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာဖူရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရန် ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့် ယမန်နေ့ နံနက် ၆ နာရီက ပူတာအိုမြို့နယ်အတွင်းရှိ ဖုန်ကန်ရာဇီ ရေခဲတောင်သွားလမ်း အထက်ဆန်ဂေါင်-လုံနဒမ်း-ဇီယာဒမ်းလမ်းပိုင်း ဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ရေကြည်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေး
Feb 18,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကွင်းလျားကျေးရွာအုပ်စုရှိ‌ ဒေသခံပြည်သူများနှင့်တွေဆုံပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ရွာလယ်ကျောင်းတိုက်၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးအား ယခုနှစ်ဘုရားပွဲတော်ကာလအတွင်း ပြည်တွင်းပြည်ပ ဘုရားဖူးပြည်သူ ငါးသိန်းဝန်းကျင်ခန့် လာရောက်ဖူးမြော်
Feb 18,2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိ ကျင်းပလျက်ရှိရာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ စဉ်ဆက်မပြတ်လာရောက်ဖူးမြော်နေကြပြီး ပွဲတော်စတင်သည့်ရက်မှ ယနေ့အချိန်ထိ ပြည်တွင်းပြည်ပ ဘုရားဖူးပြည်သူပေါင်း ငါးသိန်းဝန်းကျင်ခန့် လာရောက်ဖူးမြော်ခဲ့ကြကြောင်း စေတီတော်ဂေါပကအဖွဲ့ထံမှ သိရသည်။
မိုင်းပန်မြို့နယ်၌ (၅၉)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဒသမ္မပါလစာပွဲတော်၏ ရေစက်ချတရားတော်နာယူခြင်းနှင့် ပြည်တွင်း၊ ပြည်ပဘွဲ့ရသံဃာတော်များအား ဂုဏ်ပြုပူဇော်ပွဲအခမ်းအနား ကျင်းပ
Feb 18,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ (၅၉)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဒမ္မပါလစာပွဲတော်၏ ရေစက်ချတရားတော်နာယူခြင်းနှင့် ပြည်တွင်း၊ ပြည်ပဘွဲ့ရသံဃာတော်များအား ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို မွေတော်ပရိယတ္တိစာသင်တိုက်၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
တံတားဦးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲကျင်းပ
Feb 18,2024
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများနှင့်စပ်လျဉ်း၍ သိရှိနားလည်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲကို ယနေ့မွန်းလွဲ (၁) နာရီက တံတားဦးမြို့ မြို့နယ်ခန်းမ၌  ကျင်းပကြောင်းသိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ဇလွန်မြို့ရှိ ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေးကုသမှုများ ဆောင်ရွက်ပေး
Feb 18,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကုသရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်း၊ ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံကြီးမှ ခရိုင်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနေလင်း ဦးဆောင်သည့် အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုဆရာမကြီးများ ပါဝင်သည့်အဖွဲ့သည် ဇလွန်မြို့ရှိ ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေးကုသမှုများဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၉ နာရီတွင် မြို့နယ်ပြည်သူ့ဆေးရုံ၌ ကုသမှုများဆောင်ရွက်ပေးခဲ့သည်။
အမရပူရမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ အသိပညာပေးဆွေးနွေး
Feb 18,2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ လေးစုရပ်ကွက်ရှိ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းရှိ မေတ္တာရိပ်ခန်းမတွင် ယနေ့ ၁ နာရီအချိန်က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲကို ကျင်းပခဲ့သည်။
ညောင်ဦးခရိုင်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာရှင်းလင်းဆွေးနွေးပွဲ ကျင်းပ
Feb 18,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းပ၌ ယနေ့နံနက် ၉ နာရီက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သိကောင်းစရာများ ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။