သတင်းများ

ကျောက်ဆည်မြို့နယ်တွင် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး မြို့မအခြေခံပညာအထက်တန်းကျောင်းတွင် RCC (၂) ထပ် စာသင်ကျောင်းဆောင် အသစ်(၁)ဆောင် ဆောက်လုပ်ပေး
Feb 18,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်၌ မြို့မအခြေခံပညာအထက်တန်းကျောင်းတွင် (၂)ထပ်ကျောင်းဆောင် အသစ်(၁) ဆောင် ဆောက်လုပ်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဒသမအကြိမ်မြောက် ရန်အောင်မြင်ပရိယတ္တိသာသနပါလစာမေးပွဲ စာအောင်ဆုနှင်း သဘင်ကျင်းပ
Feb 18,2024
မွန်ပြည်နယ်၊ သထုံမြို့၊ ရန်အောင်မြင်ပရိယတ္တိသာသနပါလအသင်းကြီးမှ ကြီးမှူးကျင်းပခဲ့သည့် ဒသမအကြိမ်မြောက် ပရိယတ္တိသာသနာ့ပါလစာမေးပွဲ စာအောင်ဆုနှင်းသဘင်နှင့် စာရေးတံမဲ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက သိမ်ကုန်းရပ်ကွက်ရှိ ရန်အောင်မြင်ကျောင်းတိုက်၊ တိုင်လူံကြီး‌ ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
တွံတေးမြို့နယ်၌ မီးဘေးလုံခြုံရေးအတွက် မီးစနစ်တကျသုံးစွဲခြင်းရှိ/မရှိ ဌာနဆိုင်ရာရုံးများ လိုက်လံကြည့်ရှုစစ်ဆေး
Feb 18,2024
ရန်ကုန်တိုင်ဒေသကြီး၊ တွံ​တေးခရိုင်၊ တွံတေးမြိုနယ်ဌာနဆိုင်ရာရုံးများတွင် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးနှင့် မီးဘေးလုံခြုံရေးအတွက် မီးစနစ်တကျသုံးစွဲခြင်းရှိ/မရှိ လိုက်လံစစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့နံနက် (၁၁)နာရီမှစတင်၍ တွံတေးမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများအား ကြည့်ရှု့စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် (၄၄) ကြိမ်မြောက် ဝိနယာဓိက စာမေးပွဲ ကျင်းပ
Feb 18,2024
မ‌ကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကျောင်းထိုက်ဆရာတော်ကြီးများ ဦးစီးကျင်းပပြုလုပ်သော (၄၄) ကြိမ်မြောက် ဝိနယာဓိက စာမေးပွဲကို ယနေ့နံနက် (၇) နာရီခွဲက မြို့မရပ်ကွက်၊ ရွှေဘုန်းသာဘုရားဓမ္မာရုံ၌ ကျင်းပခဲ့သည်။
ကျောက်ဆည်မြို့နယ်၊ ကျောက်မဆစ်ကျေးရွာ၌ (VDP)စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းများ ကွန်ကရစ်ခင်းပေး
Feb 18,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ပြည်သူများ လူနေမှုဘဝဖွံ့ဖြိုး တိုးတက်မြင့်မားစေရေး၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာလိုအပ်ချက် များအား ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျောက်မဆစ်ကျေးရွာ၌  (VDP)စီမံကိန်းဖြင့်  ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်ခင်းပေးခဲ့ကြောင်း သိရှိရသည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ဥတ္တရခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်ကုန် တိုးမြှင့် ထုတ်လုပ်နိုင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Feb 18,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်ကုန်တိုးမြှင့် ထုတ်လုပ်နိုင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲအချိန်က ဥတ္တရခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ကျုံပျော်ခရိုင်၊ မြောင်းမြခရိုင်နှင့် ပုသိမ်ခရိုင်အတွင်းရှိ စိုက်ပျိုးရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Feb 18,2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ကျုံပျော်ခရိုင်၊ မြောင်းမြခရိုင်နှင့် ပုသိမ်ခရိုင်များအတွင်းရှိ စိုက်ပျိုး ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိများသူနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
၁၃၈၄ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ ပြည်ကြီးတံခွန်မြို့နယ် စာဖြေဌာန၊ စာအောင် သံဃာတော်များအား စူဠဘွဲ့နှင်းသဘင်၊ အောင်လက်မှတ်ဆက်ကပ် လှူဒါန်းခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကျင်းပ
Feb 18,2024
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ မြောက်ဥယျာဉ်ရပ် မဟာသုန္ဒရာ ရာမပရိယတ္တိစာသင်တိုက်ရှိ အနန္တဂုဏ်ရည် (ငါးထပ်)  ဓမ္မဗိမာန်တော်ကြီး အတွင်းတွင် ယမန်နေ့မွန်းလွဲ(၁)နာရီက ၁၃၈၄ ခုနှစ်၊ အစိုးရပါ ဠိပထမပြန်စာမေးပွဲ မြို့နယ်စာဖြေဌာန စာအောင်သံဃာ တော်များအား စူဠဘွဲ့နှင်းသဘင်၊ အောင်လက် မှတ်ဆက်ကပ် လှူဒါန်းခြင်းနှင့်ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်း အနားကျင်းပခဲ့သည်။