မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ရှင်အပါး(၅၀၀၀) ရှင်ပြုအလှူတော်မင်္ဂလာမဏ္ဍပ် ပန္နက်တင်အခမ်းအနား တက်ရောက်
Feb 19,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ရှေ့ဟောင်းအမွေအနှစ် စာရင်းဝင် ဗိဿနိုးနယ်မြေရှိ ရွှေရောင်တော်ဘုရားတွင် သဲဖြူဆရာတော်ကြီး၏ ဩဝါဒကိုခံယူ၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်မည့် ရှင်အပါး(၅၀၀၀) ရှင်ပြုအလှူမင်္ဂလာပွဲကြီးတွင် ဆောက်လုပ်မည့် မင်္ဂလာမဏ္ဍပ်များ ရတနာပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါဘုရားပုရဝဏ်၌ ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တောင်တွင်းကြီးတပ်နယ်မှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။