တွံတေးမြို့နယ်၌ မီးဘေးလုံခြုံရေးအတွက် မီးစနစ်တကျသုံးစွဲခြင်းရှိ/မရှိ ဌာနဆိုင်ရာရုံးများ လိုက်လံကြည့်ရှုစစ်ဆေး

တွံတေး ဖေဖော်ဝါရီ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံ​တေးခရိုင်၊ တွံတေးမြိုနယ်ဌာနဆိုင်ရာရုံးများတွင် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးနှင့် မီးဘေးလုံခြုံရေးအတွက် မီးစနစ်တကျသုံးစွဲခြင်းရှိ/မရှိ လိုက်လံစစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့နံနက် (၁၁)နာရီမှစတင်၍ တွံတေးမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများအား ကြည့်ရှု့စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့လိုက်လံစစ်ဆေးရာတွင် မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းမှ ဒုတိယမြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်စိုးဦးဆောင်၍ သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မြို့ပေါ်ရှိ ဌာနဆိုင်ရာ ရုံး(၅)ရုံးကို လျှပ်စစ်မီးစနစ်တကျသုံးစွဲခြင်းရှိ/မရှိ၊ အရေးပေါ်မီးသတ်ဆေးဗူးထားရှိ အသုံးပြုရန် အဆင်သင့်ရှိ/မရှိ၊ ရုံးပတ်ဝန်းကျင် ခြံဝန်းအတွင်း အမှိုက်သရိုက်ကင်းစင်ရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံရေးအတွက် မီးသတ်ဆေးဗူးများစစ်ဆေးပေးခြင်း၊ လျှပ်စစ်ဝါယာကြိုးများ သွယ်တန်ခြင်းသုံးစွဲခြင်း ရှိ/မရှိ ဌာနဆိုင်ရာရုံးများအား လိုက်လံကြည့်ရှုစစ်ဆေးခြင်း၊ ရေပုံး၊ သဲပုံး၊ ရေ၊ သဲ စုဆောင်ထားမှု့နှင့် မီးချိတ်၊ မီးကတ်များထားရှိမှုတို့ကိုစစ်ဆေးပြီး အသိပညာပေးခြင်းများ ဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တွံတေးသား