မြစ်သား ဇူလိုင် ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် မြို့နယ်သမဝါယမအသင်းစုငွေဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်၊ အသင်းသား တောင်သူတစ်ဦးခြင်းဝင်ငွေတိုးပွားစေရန်နှင့် စားနပ်ရိက္ခာဖူလုံစေရန် ရည်ရွယ်၍ ရွှေလေးကျေးရွာရှိ ရွှေလေးစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ အသင်းသားတောင်သူ ဦးကိုကိုမောင်၏ ကွင်းအမှတ်( ၅၈၉) ၊ ဦးပိုင်အမှတ် (၄၅/၁)ရှိ စိုက်ဧက ၁၀ ဧကတွင် စိုက်ပျိုးထားသည့်နွေစပါးရိတ်သိမ်းမှုအခြေအနေအား ဇူလိုင် ၂၂ ရက်က တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့်တာဝန်ရှိသူများက ဆင်းသုခ စပါးမျိုး ရိတ်သိမ်းခြွေလှေ့စက်ဖြင့်စပါးရိတ်သိမ်းနေသည့်အခြေအနေများကို ကွင်းဆင်းကြည့်ရှုခဲ့ရာ တစ်ဧကလျှင် ၁၁၀ တင်းပျမ်းမျှထွက်ရှိကြောင်း၊ နွေစပါးစိုက်အသင်းသားတောင်သူများကို စိုက်ပျိုး ထုတ်လုပ်မှု၊ ရောင်းဝယ်မှု၊ ကြိတ်ခွဲဖြန့်ဖြူးမှုလုပ်ငန်း စဉ်များ အောင်မြင်အောင်ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါကြည့်ရှုစစ်ဆေးရာသို့ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုမှတာဝန်ရှိသူများနှင့် ရွှေလေးစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းမှ အသင်းသားတောင်သူများ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဝါဝါမြင့် (မြစ်သား)