စေတုတ္တရာ ဇူလိုင် ၂၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့တွင် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကတ်များကိုလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန စေတုတ္တရာမြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက ဇူလိုင် ၂၂ ရက်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ကျောင်းသား ကျောင်းသူများအား အသက် (၁၀) နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းနှင့် UID ကတ်ပြားများ ပြုလုပ်ပေးခြင်းတို့ကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်မိုးကျော်နှင့် ဝန်ထမ်းများက ဆောင်ရွက်ပေးနေမှုကိုမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေားကော်မတီဥက္ကဋ္ဌ ဦးဟိန်းထက်အောင်နှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ဆန်းကိုကို(ပြန်/ဆက်)