ပျဉ်းမနားမြို့နယ်၌ ရပ်ကွက်၊ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT) ဖွင့်လှစ်

ပျဉ်းမနား ဇူလိုင် ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ရပ်ကွက်၊ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT)ကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ပျဉ်းမနားခရိုင်တရားရုံး၊ ဒုတိယခရိုင်ဥပဒေအရာရှိ ဒေါ်ခင်မြင့်မွန်က သင်တန်းဖွင့်လှစ်သင်ကြားရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးဇော်တူးအောင်က အမှာစကားပြောကြားသည်။  

အဆိုပါသင်တန်းတွင် ပျဉ်းမနားမြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူး(၄၉)ဦးအား သင်တန်းနည်းပြများက ဥပဒေအခြေခံအသိပညာ၊ ရာဇသတ်ကြီး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)၊ ရာဇဝတ်ကျင့်ထုံးဥပဒေ၊ လောင်းကစားဥပဒေ၊ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများကို ဇူလိုင်လ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)