သတင်းများ

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အကြို အမျိုးသမီးကဏ္ဍ ဖွံ့ဖြိုးရေး စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ
Mar 08,2024
ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော ၂၀၂၄ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အကြို အမျိုးသမီး ကဏ္ဍဖွံ့ဖြိုးရေး စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
ပေါက်ခေါင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ အသိပညာပေးဟောပြောပွဲ၊ ပုံပြင်‌ပြောပြိုင်ပွဲနှင့်ပြပွဲများကျင်းပ
Mar 08,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ နံရံကပ်စာ‌စောင်နှင့်စာအုပ်ပြပွဲအခမ်းအနားကျင်းပ ပြုလုပ်ခဲ့သည်။
လပွတ္တာမြို့နယ်တွင် ခွေးရူးရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Mar 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ခွေးရူးရောဂါ ဗိုင်းရပ်(စ်)ကြောင့်ဖြစ်သော တိရစ္ဆာန်မှ လူသို့ ကူးစက်တက်သောရောဂါမှ ကြိုတင်ကာကွယ်ရန် ခွေးရူးရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်​နေ့ညနေပိုင်းက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန အစည်းဝေးခန်မ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပေါင်မြို့နယ် အ.ထ.က (ခွဲ) နတ်မှော်၌ ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားပြုလုပ်
Mar 08,2024
မွန်ပြည်နယ်၊ပေါင်မြို့နယ် အ.ထ.က (ခွဲ) နတ်မှော်၌ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနား ပြုလုပ်ခြင်းကို ယမန်နေ့နံနက် (၈) နာရီက အဆိုပါကျောင်း၌ ပြုလုပ်ခဲ့သည်။
စီမံခန့်ခွဲရေးဝန်ထမ်းအဆင့်(၁) လုပ်ငန်းခွင်ဝင်သင်တန်းအမှတ်စဥ်(၁/၂၀၂၄) သင်တန်းဆင်းအခမ်းအနားပြုလုပ်
Mar 08,2024
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှုသင်တန်းကျောင်းတွင် စီမံခန့်ခွဲရေးဝန်ထမ်းအဆင့်(၁) လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဥ်(၁/၂၀၂၄)သင်တန်းဆင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနား ကျင်းပ
Mar 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့သည်။
ကမာရွတ်မြို့နယ် ရန်ကုန်အဝေးသင်တက္ကသိုလ်၌ ကြက်ခြေနီအသင်းခွဲ သင်တန်းဆင်းပွဲကျင်းပ
Mar 08,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ကြက်ခြေနီအသင်းခွဲ၏ ရှေးဦးပြုစုခြင်း သင်တန်းအပတ်စဥ် ၁/၂၀၂၄ သင်တန်းဆင်းပွဲကို ရန်ကုန်အဝေးသင်တက္ကသိုလ်၌ ယ​မန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ပါသည်။
တာလေမြို့၌ မီးခိုးမြူငွေ့အန္တရာယ် အသိပညာပေး ဟောပြောပွဲကျင်းပ
Mar 08,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ မီးခိုမြူငွေ့အန္တရာယ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။