သတင်းများ

ညောင်ဦးမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာနက ဆောင်ရွက်ခဲ့သည့် ဓမ္မတာမျိုးဆက်ခြင်းလုပ်ငန်း (ပထမ)နှစ်မှ ထွက်ရှိသော ထင်း၊ တိုင်၊ မျောများ ဝေငှခြင်းအခမ်းအနားကျင်းပ
Mar 09,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် အပူပို်ငးဒေသစိမ်းလန်း စိုပြေရေးဦးစီးဌာန၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် သဘာဝတောကျန်များထိန်းသိမ်းကာကွယ်ခြင်း(၁၀၀)ဧက၊ (ပထမနှစ်)ဓမ္မတာမျိုးဆက်ခြင်းလုပ်ငန်းမှထွက်ရှိသည့်  ထင်း၊ တိုင်၊ မျောတို့အား ဒေသခံပြည်သူများသို့ အခမဲ့ဖြန့်ဝေခြင်းအခမ်းအနားကို မတ် ၈ ရက်၊ နံနက် ၉ နာရီအချိန်ကဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ လူဦးရေနှင့်အိမ်အ‌ကြောင်းအရာ သန်းခေါင်စာရင်း ဆောင်ရွက်နေမှုသွားရောက် ကြည့်ရှုစစ်ဆေး
Mar 09,2024
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် မတ် (၇) ရက် နံနက် (၉) နာရီက တောင်ကြီးမြို့ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးတွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူပြုစုဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ရုံးအစည်းအဝေးခန်းမ၌ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးဦးအေးလှိုင်မှ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမှုနှင့်ပတ်သက်၍ ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး သန်းခေါင်စာရင်း ပြုစုဆောင်ရွက်နေသော အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ရာ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးဦးအေးလှိုင်မှ လက်ခံရယူကြောင်း သိရသည်။
ဘားအံမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ(၁၀၄၂)ဦး ဝင်ရောက်ဖြေဆိုမည်
Mar 09,2024
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို မတ်လ(၁၁)ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ ဘားအံမြို့နယ်မှ စုစုပေါင်း ကျောင်းသား၊ကျောင်းသူ (၁၀၄၂)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဗဟိုအကြံပေးအဖွဲ့ဝင် ဦးစောဒယ်နီရယ် ရပ်စောက်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများနှင့်တွေ့ဆုံ
Mar 09,2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဗဟိုအကြံပေးအဖွဲ့ဝင်ဦးစောဒယ်နီရယ်သည် ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငကြောင်ကျေးရွာအုပ်စု၊ ပင်ဖြစ်ကျေးရွာ၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးရုံး၌ ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများနှင့် သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်တွင် ငါးမွေးမြူရေးကန်များ၊ မြေယာအသုံးချမှု တရားဝင်ရရှိစေရေးနှင့် ငါးမွေးမြူရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Mar 09,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ငါးမွေးမြူရေးကန်များ  မြေယာအသုံးချမှု တရားဝင်ရရှိစေရေးနှင့် ငါးမွေးမြူခြင်းဆိုင်ရာ လိုင်စင်လျှောက်ထားစေရေး      အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၁) နာရီအချိန်က. မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ပတ္တမြားအစည်းအဝေးခန်းမဆောင်တွင်  ဒေသခံတောင်သူ ငါးမွေးမြူရေးလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
မင်းလှမြို့တွင် (၇၅) ကြိမ်မြောက် သုံးမြို့နယ်ဂိုဏ်းပေါင်းစုံ ဝိနယဓမ္မာနုဂ္ဂဟစာမေးပွဲ ဖြေဆိုပြီးစီး
Mar 09,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အမှတ်(၆) ရပ်ကွက်၊ မြို့လယ်ဓမ္မာရုံဘုရားကြီးတွင် သာသနာတော်ထွန်းကားပြန့်ပွားစေရန်အတွက် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သည့် (၇၅) ကြိမ်မြောက် သုံးမြို့နယ်ဂိုဏ်းပေါင်းစုံ ဝိနယဓမ္မာနုဂ္ဂဟစာမေးပွဲဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။
ခမောက်ကြီးမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာ‌ပေးများဆောင်ရွက်လျက်ရှိ
Mar 09,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးများဆောင်ရွက်လျက်ရှိရာ ခမောက်ကြီးမြို့မှ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ၊ စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပူးပေါင်း၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက ခမောက်ကြီးမြို့ မြို့မဈေးနှင့် ဗိုလ်ချုပ်လမ်းမကြီးတွင် ဈေးသွား၊ ဈေးလာများ၊ ခရီးသွားပြည်သူများနှင့်‌‌ ဒေသခံများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီအားကစားသင်တန်းများ (အခမဲ့)ဖွင့်လှစ်သင်ကြားပေး
Mar 09,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီအားကစားသင်တန်းများကို မြို့နယ်အားကစားကွင်းတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သတင်းရရှိသည်။