ရန်ကုန် မတ် ၈
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ကြက်ခြေနီအသင်းခွဲ၏ ရှေးဦးပြုစုခြင်း သင်တန်းအပတ်စဥ် ၁/၂၀၂၄ သင်တန်းဆင်းပွဲကို ရန်ကုန်အဝေးသင်တက္ကသိုလ်၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က အဖွင့်အမှာစကားပြောကြားခြင်း၊ ရန်ကုန်အဝေးသင်တက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာနုနုရီက ကျေးဇူးတင်စကားပြောကြားပေးခြင်းနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း ရန်ကုန်တိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒေါက်တာဇော်ဌေးက မုဒိတာစကားပြောကြားခဲ့သည်။
ထို့နောက် ရန်ကုန်အဝေးသင်တက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာနုနုရီက သင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့သူများ အားဆုများချီးမြှင့်ခြင်းနှင့် ကြက်ခြေနီသင်တန်းနည်းပြ ဆရာ၊ ဆရာမများအား ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုလက်ဆောင်များအား ပေးအပ်ခဲ့ပါသည်။
ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်း ရန်ကုန်တိုင်း ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာဇော်ဌေးက ရန်ကုန်အဝေးသင်တက္ကသိုလ် ကြက်ခြေနီအသင်းခွဲသို့ ဆေးအိတ်များ လှူဒါန်းပေးခဲ့ပါသည်။
ဆက်လက်၍ အဆင့်မြင့်ပညာဦးစီးဌာနဒုတိယညွှန်ကြားရေးမှူး ချုပ်ဒေါက်တာဇော်ဝင်းနှင့် ရန်ကုန်အဝေးသင်တက္ကသိုလ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဒေါက်တာခင်လေးမြင့်တို့က ရန်ကုန်အဝေးသင်တက္ကသိုလ် ကြက်ခြေနီအသင်းခွဲကြီးကြပ်မှအဖွဲ့ဝင်များအား ဂုဏ်ပြုလက်မှတ် ပေးအပ်ခြင်းနှင့် ရန်ကုန်အဝေးသင်တက္ကသိုလ် ဆရာမကြီး ဒေါက်တာသန်းသန်းဆင့် ကအလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း၊ ရန်ကုန်အဝေးသင်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာသက်ဝါကျော်မြင့်မှ သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ကြပြီး သင်တန်းသား၊ သင်တန်းသူများကိုယ်စား သက်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခြင်းနှင့် ရန်ကုန်အဝေးသင်တက္ကသိုလ် ကြက်ခြေနီအသင်းခွဲမှ ဥက္ကဋ္ဌက ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။
မြို့နယ် (ပြန်/ဆက်)