တာလေမြို့၌ မီးခိုးမြူငွေ့အန္တရာယ် အသိပညာပေး ဟောပြောပွဲကျင်းပ

တာလေ မတ် ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ မီးခိုမြူငွေ့အန္တရာယ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ခေတ္တမြို့အုပ်ချုပ်ရေးမှူး ဦးလေမိုးနိုင်က မီးခိုးမြူငွေ့အန္တရာယ် အသိပညာပေး အကြောင်းအရာများ၊ တောမီးမရှို့ရေးနှင့် အမှိုက်များစနစ်တကျစွန့်ပစ်ရေး လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များအား အသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲသို့ တာလေမြို့အတွင်းရှိ ကျေးရွာအုပ်စု (၃) အုပ်စုဖြစ်သော မိုင်းလင်း (အရှေ့) ကျေးရွာအုပ်စု၊ မိုင်းလင်း (အနောက်) ကျေးရွာအုပ်စုနှင့် နားယောင်းကျေးရွာအုပ်စုများမှ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရွာသူကြီးများ စုစုပေါင်းအင်အား (၇၀) ကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)