သတင်းများ

စီမံခန့်ခွဲရေးဝန်ထမ်းအဆင့်(၁) လုပ်ငန်းခွင်ဝင်သင်တန်းအမှတ်စဥ်(၁/၂၀၂၄) သင်တန်းဆင်းအခမ်းအနားပြုလုပ်
Mar 08,2024
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှုသင်တန်းကျောင်းတွင် စီမံခန့်ခွဲရေးဝန်ထမ်းအဆင့်(၁) လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဥ်(၁/၂၀၂၄)သင်တန်းဆင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနား ကျင်းပ
Mar 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့သည်။
ကမာရွတ်မြို့နယ် ရန်ကုန်အဝေးသင်တက္ကသိုလ်၌ ကြက်ခြေနီအသင်းခွဲ သင်တန်းဆင်းပွဲကျင်းပ
Mar 08,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ကြက်ခြေနီအသင်းခွဲ၏ ရှေးဦးပြုစုခြင်း သင်တန်းအပတ်စဥ် ၁/၂၀၂၄ သင်တန်းဆင်းပွဲကို ရန်ကုန်အဝေးသင်တက္ကသိုလ်၌ ယ​မန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ပါသည်။
တာလေမြို့၌ မီးခိုးမြူငွေ့အန္တရာယ် အသိပညာပေး ဟောပြောပွဲကျင်းပ
Mar 08,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ မီးခိုမြူငွေ့အန္တရာယ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် စာစစ်ဌာနများတွင် မီးဘေးအန္တရာယ်ကြိုတင်စစ်ဆေးမှုများဆောင်ရွက်
Mar 08,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲများကျင်းပပြုလုပ်မည့် စာစစ်ဌာနများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးဆောင်ရွက်ခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကာမိုင်းမြို့၌ ပန်းချီ၊ ပုံပြောပြိုင်ပွဲ၊ ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ
Mar 08,2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ပန်းချီပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယ​နေ့နံနက် (၁၀)နာရီက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
မုဒုံမြို့ရှိ အခြေခံပညာစာသင်ကျောင်းများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
Mar 08,2024
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် မတ်လ ၁၁ ရက်နေ့၌ တက္ကသိုလ်ဝင်တန်းများ စာမေးပွဲကျင်းပမည်ဖြစ်ရာ ကျောင်းသား/ သူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာန အခြေခံပညာစာသင်ကျောင်းများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယနေ့နံနက်ပိုင်းက အ.ထ.က(၁)မုဒုံ၊ အ.ထ.က (ကမာဝက်) စာသင်ကျောင်းတွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်သည်။
မြစ်ကြီးနားမြို့၌ လယ်ယာကဏ္ဍ စာရင်းအင်းအရည်အသွေးပြည့်ဝမှန်ကန်စေရေးနှင့် လယ်ယာမြေဥပဒေအရ စာချုပ်စာတမ်းများ၊ မှတ်ပုံတင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်
Mar 08,2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနကကြီးမှူး၍ လယ်ယာကဏ္ဍ စာရင်းအင်းအရည်အသွေး ပြည့်ဝမှန်ကန်ရေးနှင့် လယ်ယာမြေဥပဒေအရ စာချုပ်စာတမ်းများ၊ မှတ်ပုံတင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို မတ် ၇ ရက်ကစတင်၍ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ (၃)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။