သတင်းများ

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၊ မခွာလယ်ကျေးရွာ၌ ရွှေလန်ပူငရုတ်စိုက်ပျိုးဖြစ်ထွန်း
Mar 09,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၊ မခွာလယ်ကျေးရွာတွင် ရွှေလန်ပူငရုတ်သီးစိုက်ပျိုးဖြစ်ထွန်းမှုကြောင့် မိသားစုအပိုဝင်ငွေများရရှိကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်၌ အခြေခံရှေးဦးပြုစုခြင်းသင်တန်းဖွင့်လှစ်
Mar 09,2024
ကျိုက်မရောမြို့နယ် လူထူအခြေပြုဗဟိုဌာန၌ အခြေခံရှေးဦးပြုစုခြင်း သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြသခြင်းဆောင်ရွက်
Mar 09,2024
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် အချိန်မရွေးဖြစ်ပေါ်နိုင်သော မီးဘေးအန္တရာယ်၊ ငလျင်ဘေးအန္တရာယ်နှင့် အခြားသောဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး သဏ္ဍာန်တူ သရုပ်ပြလေ့ကျင့်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျိုက်မရောမြို့နယ် မီးသတ်ဦးစီးဌာန၌ ပြုလုပ်သည်။
ရွှေပြည်သာမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပနိုင်ရေးအစည်းအဝေးကျင်းပ
Mar 09,2024
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းဝေးခန်းမ၌ ကျင်းပသည်။
ယာယီနေရပ်စွန့်ခွာ နိုင်ငံ့ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအတွက် ထောက်ပံ့ပေးအပ်ပွဲကျင်းပ
Mar 09,2024
နယ်မြေအခြေအနေများကြောင့် တောင်ကြီးမြို့ကို ပြောင်းရွေ့ခိုလှုံရောက်ရှိလာကြသော ဌာနဆိုင်ရာအသီးသီးမှ ယာယီနေရပ်စွန့်ခွာ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများကို ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက် (၁၁) နာရီအချိန်က တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
မြို့သစ်မြို့နယ်စက်သုံးဆီဆိုင်များ၌မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးတာဝန်ရှိသူများကွင်းဆင်းစစ်ဆေး
Mar 09,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် မီးဘေးလုံခြုံရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူတို့ ပူးပေါင်း၍ မြို့သစ်မြို့ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မတ်လ (၇) နေ့က စက်သုံးဆီဆိုင်များကို ကွင်းဆင်းစစ်ဆေးခဲ့သည်။
ချမ်းမြသာစည်မြို့နယ် အထက်မြန်မာပြည်ပုံနှိပ်တိုက်တွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်
Mar 09,2024
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ မီးသတ်ဦးစီးဌာနသည် ပွင့်လင်းရာသီ ရောက်ရှိလာသောကြောင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၁ နာရီက အောင်ပင်လယ်ရပ်ကွက်  ၄၈ လမ်းရှိ အထက်မြန်မာပြည်ပုံနှိပ်တိုက်တွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
တောင်ကြီးမြို့၌ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားကျင်းပ
Mar 09,2024
၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ယမန်နေ့နံနက် (၉) နာရီအချိန်က တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။