မိုက်ခရို-နာနိုချစ်ပ်များအား အခြေခံ၍ တိုင်းရင်းဆေးဝါးများအား Omics နည်းပညာဖြင့် ခွဲခြားစိတ်ဖြာခြင်းနှင့် ရောဂါကာကွယ်ကုသနိုင်စွမ်းအားလေ့လာခြင့် သုတေသနစီမံကိန်း အစည်းအဝေးကျင်းပ
Mar 09,2024
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဇီဝနည်းပညာသုတေသနဦးစီးဌာန (ကျောက်ဆည်) တွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့် ၂၀၂၃ ခုနှစ်၌ မိရိုးဖလာတိုင်းရင်းဆေးပညာမှ သိပ္ပံနည်းကျ တိုင်းရင်းဆေးပညာကဏ္ဍသို့ ဖွံ့ဖြိုးတိုးတက်လာစေရန် ခေတ်မီနောက်ဆုံးပေါ် နည်းပညာများဖြစ်သည့် Omics နည်းပညာအားအသုံးချ၍ ရောဂါရှာဖွေရန်နှင့် ဆေးဖက်ဝင်ဂုဏ်သတ္တိများအား တိကျမှန်ကန်စွာ ခွဲခြားစိတ်ဖြာနိုင်ရေး မတ်လ ၈ ရက်နေ့နံနက်ပိုင်းက တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ပူးပေါင်း၍ မိုက်ခရိုနာနိုချစ်ပ်များအား တီထွင်စမ်းသပ်ထုတ်လုပ်နိုင်ရန် တရုတ်နိုင်ငံ ဇီဝဆေးပညာ အင်ဂျင်နီရှန်ဟိုင်းကျောက်ထုံတက္ကသိုလ်တွင် “Omics analysis and therapeutic evaluation of traditional medicine based on micro-nano chips” စီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဇီဝနည်းပညာသုသေတန ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် (တာဝန်ခံ) ဦးဆောင်၍ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် သုတေသနပညာရှင် (၃) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။