ပေါင်မြို့နယ် အ.ထ.က (ခွဲ) နတ်မှော်၌ ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားပြုလုပ်

ပေါင် မတ် ၈

မွန်ပြည်နယ်၊ပေါင်မြို့နယ် အ.ထ.က (ခွဲ) နတ်မှော်၌ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနား ပြုလုပ်ခြင်းကို ယမန်နေ့နံနက် (၈) နာရီက အဆိုပါကျောင်း၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားကို သက်ဆိုင်ရာ တာဝန်ရှိသူတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေးက ကျောင်းဆောင်သစ်ဖွင့်လှစ်ပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနိုင်ပါကြောင်း၊ ကျောင်းများတွင်လည်း ကျောင်းဆောင်သစ်တွေ များစွာလိုအပ်သည့်အတွက် အခုလိုအလှူရှင်များကို ကျေးဇူးတင်ပါကြောင်း၊ ‌ကျောင်းများတွင် ကျောင်းဆောင်သစ်တွေ တိုးပွားလာမှသာ ပညာရေးအတွက် အထောက်အပံ့ကောင်းများ ရရှိစေမှာဖြစ်ပါကြောင်း အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ဝေဝေဆာဆောက်လုပ်ရေးကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးစိုးဝင်းက ကျောင်းဆောင်သစ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများအား မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေးထံ လွှဲပြောင်းအပ်နှံခြင်း၊ ကျောင်းရံပုံငွေအတွက် အလှူငွေကျပ် (၂) သိန်းအား ကျောင်းအုပ်ဆရာမကြီး ဒေါ်သီသီမြတ်ထံ ပေးအပ်ခြင်း၊ ဘင်ခရာအဖွဲ့ ကျောင်းသား/ သူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။

အဆိုပါကျောင်းကျောင်းသစ်ကို အလျား (၁၀၀) ပေ၊ အနံ (၃၀) ပေ၊ သံကူကွန်ကရစ် နှစ်ထပ်ဆောင်ဖြစ်ပြီး စုစုပေါင်ကုန်ကျငွေ (၂၂၀.၅) သန်းအကုန်ကျခံဆောက်လုပ်ခဲ့သည်။ ကျောင်းဆောင်သစ်ဖွင့်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်လင်းဦး၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းစန်းအေး၊ အ.ထ.က (ခွဲ) နတ်မှော် ကျောင်းအုပ်ဆရာမကြီး ဒေါ်သီသီမြတ်နှင့် ဆရာ/ မများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောမြသောင်းနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)