သတင်းများ

ဘားအံ၌ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ
Mar 09,2024
အမျိုးသမီးများ၏ အခွင့်အရေးများ၊ စွမ်းဆောင်နိုင်မှုများ၊ လူသားအကျိုးပြုမှုများကို အသိအမှတ်ပြု ဂုဏ်ပြုသောအားဖြင့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။
ဇေယျာသီရိမြို့နယ်၌ ဒုတိယအကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ
Mar 09,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ ဒုတိယအကြိမ်မြောက် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ပြည်စံအောင်ရပ်ကွက်၊ ရတနာစံပရိယတ္တိစာသင်တိုက် ရတနာဘိမတဘိမာန်တော်ကြီး ၌ ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
သင်္ဂတုံကျေးရွာ၌ မြစိမ်းရောင်ရန်ပုံငွေအတိုးရငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး
Mar 09,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော သင်္ဂတုံကျေးရွာအုပ်စု၊ သင်္ဂတုံကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းမှ အတိုးရငွေကျပ် (၁၀.၀၀) သန်းနှင့် ပြည်သူပူးပေါင်းပါဝင်မှု ကျပ် (၅.၀၀) သန်း စုစုပေါင်းကျပ် (၁၅.၀၀) သန်းဖြင့် ကျေးရွာတွင်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်း အရှည် (၈၂၅) ပေ၊ အကျယ် (၁၂) ပေ၊ ထု (၆) လက်မဖြင့် ဆောင်ရွက်ထားရှိမှု အခြေအနေကို စဉ့်ကိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒေါ်ခင်မီမီအောင် (လက်ထောက် ညွှန်ကြားရေးမှူး)၊ ဒေါ်တင်မြင့်ခိုင် (ဦးစီးအရာရှိ) နှင့်စီမံကိန်းတာဝန်ခံဝန်ထမ်းများက မတ်လ (၈) ရက်၊ မွန်းလွဲ (၂) နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းချက်များအပေါ် မိဘပြည်သူများ လေ့လာသိရှိနိုင်ရေး အသိပညာပေး ဗီနိုင်းပိုစတာစိုက်ထူ
Mar 09,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းချက်များအပေါ်မိဘပြည်သူများ ရှင်းလင်းတိကျစွာနားလည်သိရှိနိုင်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန်တို့အတွက် မတ်လ (၇) ရက်နေ့ နံနက် ၈ နာရီခွဲအချိန်က မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာနေရာများ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဗီနိုင်းပိုစတာစိုက်ထူခဲ့သည်။
ဟင်္သာတမြို့နယ်၌ ခရိုင်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းဆွေးနွေး
Mar 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ ခရိုင်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
နွေရာသီကျောင်းပိတ်ရက်များအတွင်း ကျောင်းသားကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍  ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေ၊ ကဗျာ ရေးသားနည်းသင်တန်း ဖွင့်လှစ်သင်ကြားလျ
Mar 09,2024
နွေရာသီကျောင်းပိတ်ရက်များအတွင်း ကျောင်းသားကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်ကျောင်းများမှ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၂၅) ဦးကို စာပေ၊ ကဗျာရေးသားနည်းသင်တန်း ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် လူထုအခြေပြုဗဟို ဌာနတွင်ဖွင့်လှစ်သည့် ဓာတ်ပုံဗီဒီယိုရိုက်ကူးနည်းသင်တန်းနှင့် အခြေခံပုံတူပန်းချီရေးဆွဲနည်း သင်တန်းဖွင့်ပွဲအခမ်းအနားသို့တက်ရောက်အားပေး
Mar 09,2024
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့နံနက်ပိုင်းအချိန်က ဓာတ်ပုံဗီဒီယိုရိုက်ကူးနည်းသင်တန်းနှင့် အခြေခံပုံတူပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်အားပေးခဲ့သည်။
ချီ‌ဖွေမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အခြေခံတရုတ်စကားပြော အခမဲ့သင်တန်းဖွင့်ပွဲကျင်းပ
Mar 09,2024
ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီ‌ဖွေမြို့နယ်လူထုအခြေပြုဗဟိုဌာနခန်းမ၌ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်စေရန်နှင့် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က အခြေခံတရုတ်စကား‌ပြော အခမဲ့သင်တန်းဖွင့်ပွဲကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချစ်စမ်းအောင်က အဖွင့်အမှာစကားပြောကြားသည်။