မင်းလှမြို့တွင် (၇၅) ကြိမ်မြောက် သုံးမြို့နယ်ဂိုဏ်းပေါင်းစုံ ဝိနယဓမ္မာနုဂ္ဂဟစာမေးပွဲ ဖြေဆိုပြီးစီး

မင်းလှ မတ် ၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အမှတ်(၆) ရပ်ကွက်၊ မြို့လယ်ဓမ္မာရုံဘုရားကြီးတွင် သာသနာတော်ထွန်းကားပြန့်ပွားစေရန်အတွက် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သည့် (၇၅) ကြိမ်မြောက် သုံးမြို့နယ်ဂိုဏ်းပေါင်းစုံ ဝိနယဓမ္မာနုဂ္ဂဟစာမေးပွဲဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။

(၇၅) ကြိမ်မြောက် (မင်းလှ - မိုးညို - အုတ်ဖို) သုံးမြို့နယ်ဂိုဏ်းပေါင်းစုံ ဝိနယဓမ္မာနုဂ္ဂဟစာမေးပွဲတွင် ပထမကြီးတန်း (၃) ပါး၊ ပထမလတ်တန်း (၄)ပါး၊ ပထမငယ်တန်း (၁၈) ပါး၊ (ခ) မူလတန်း (၂၃) ပါး၊ (က) မူလတန်း (၅၈) ပါး စုစုပေါင်းသံဃာ (၁၀၆) ပါး ဝင်ရောက်ဖြေဆိုခဲ့သည်။

အဆိုပါစာမေးပွဲကို ၂၀၂၄ ခုနှစ်၊ မတ်လ ၃ ရက်နေ့မှ ၈ ရက်နေ့ထိ (၆) ရက်ကြာ အာရုံဆွမ်း၊ နေ့ဆွမ်း၊ အအေးများကပ်လှူခြင်းတို့ဖြင့်ကျင်းပပြုလုပ်ခဲ့ပြီး မတ်လ (၉) ရက်နေ့တွင် ဆုနှင်းသဘင်အခမ်းအနားပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပေါက်စ (မင်းလှ)