ညောင်ဦး မတ် ၉
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် အပူပို်ငးဒေသစိမ်းလန်း စိုပြေရေးဦးစီးဌာန၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် သဘာဝတောကျန်များထိန်းသိမ်းကာကွယ်ခြင်း(၁၀၀)ဧက၊ (ပထမနှစ်)ဓမ္မတာမျိုးဆက်ခြင်းလုပ်ငန်းမှထွက်ရှိသည့် ထင်း၊ တိုင်၊ မျောတို့အား ဒေသခံပြည်သူများသို့ အခမဲ့ဖြန့်ဝေခြင်းအခမ်းအနားကို မတ် ၈ ရက်၊ နံနက် ၉ နာရီအချိန်ကဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ညောင်ဦးမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာနက သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်း(၁၀၀)ဧက (ပထမနှစ်) ဓမ္မတာမျိုးဆက်ခြင်းလုပ်ငန်းမှ ထွက်ရှိသည့် ထင်း၊ တိုင်၊ မျော (၉.၅)ကုဗတန်ကို ကူကျေးရွာအုပ်စု၊ တောင်ပုံဝကျေးရွာ ဒေသခံပြည်သူများအား အခမဲ့ဖြန့်ဝေခြင်းနှင့်အခမ်းအနားသို့ တက်ရောက်လာသည့် ဒေသခံပြည်သူ(၁၅)ဦးအား ထင်းကုန်ကျမှု ၄၀ ရာခိုင်နှုန်းသက်သာသည့် စွမ်းအားမြှင့်အေဝမ်း မီးဖိုများအား ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၊ မြို့နယ်စီမံအဖွဲ့ဝင် ဦးဆန်းထွန်းဦး၊ ညောင်ဦးခရိုင် အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်အောင်၊ ဦးစီးအရာရှိ ဦးအောင်ဇော်လတ်နှင့် ညောင်ဦးမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းဝင်းဇော်တို့က ဒေသခံပြည်သူများလက်ဝယ်အ ရောက်အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဒီပါလင်း