နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဗဟိုအကြံပေးအဖွဲ့ဝင် ဦးစောဒယ်နီရယ် ရပ်စောက်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများနှင့်တွေ့ဆုံ

ရပ်စောက် မတ် ၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဗဟိုအကြံပေးအဖွဲ့ဝင်ဦးစောဒယ်နီရယ်သည် ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငကြောင်ကျေးရွာအုပ်စု၊ ပင်ဖြစ်ကျေးရွာ၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးရုံး၌ ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများနှင့် သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တွေ့ဆုံပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဗဟိုအကြံပေးအဖွဲ့ဝင် ဦးစောဒယ်နီရယ်က အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာသော တိုက်ပွဲရှောင်ပြည်သူများမှ ပညာရေး၊ ကျန်းမာရေးကိစ္စရပ်များ၊ လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ တောင်ကြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်လှိုင်၊ ရပ်စောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့မှ တာဝန်ရှိသူများက တိုက်ပွဲရှောင်ပြည်သူများ၏ တင်ပြချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်ပေးမည့် အစီအမံများကို ‌တင်ပြဆွေးနွေးခဲ့ကြပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဗဟိုအကြံပေးအဖွဲ့ဝင်က နိဂုံးချုပ်အမှာစကားပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဗဟိုအကြံပေးအဖွဲ့ဝင် ဦးစောဒယ်နီရယ်က ထောက်ပံ့ပစ္စည်းများပေးအပ်ရာ တိုက်ပွဲရှောင်ပြည်သူများကိုယ်စား ဦးခွန်စံသိန်းနှင့် ဦးဒန်းဗဟာဒူး တို့ကလက်ခံရယူခဲ့ကြောင်း သိရသည်။

ဆုမွန်