ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီအားကစားသင်တန်းများ (အခမဲ့)ဖွင့်လှစ်သင်ကြားပေး

ဒဂုံတောင် မတ် ၉

အားကစားသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် လူငယ်လူရွယ်များနှင့် ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းအားလပ်ချိန်တွင် အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ခြင်း၊ အားကစားအပေါ် စိတ်ပါဝင်စားလာခြင်း၊ မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေခြင်း၊ အားကစားနည်းအလိုက် အခြေခံနည်းစနစ်များအား စနစ်တကျ တက်မြောက်စေရန်၊ တစ်မျိုးသားလုံး ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။

သင်တန်းတွင် အခြေခံအမျိုးသား၊ အမျိုးသမီး ဘောလုံးသင်တန်း၊ အေရိုးဗစ်သင်တန်း၊ တိုက်ကွမ်တိုသင်တန်း၊ ကရာတေးသင်တန်း၊ လက်ဝှေ့သင်တန်း စသည့် အားကစားနည်းလေးမျိုးကို ကျွမ်းကျင်နည်းပြများဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ အားကစားသမားများအနေဖြင့် မိမိတို့နှစ်သက်ရာ အားကစားနည်းများအလိုက် သင်ကြားလျက်ရှိပြီး မတ် (၁) ရက်မှ (၃၁) ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။

သန်းသန်းအေး