ဘားအံမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ(၁၀၄၂)ဦး ဝင်ရောက်ဖြေဆိုမည်

ဘားအံ  မတ် ၉

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို မတ်လ(၁၁)ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ ဘားအံမြို့နယ်မှ စုစုပေါင်း ကျောင်းသား၊ကျောင်းသူ (၁၀၄၂)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

ဘားအံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ကျောင်းသား/ကျောင်းသူများ ဝင်ရောက်ဖြေဆိုနိုင်ရန်အတွက် အ-ထ-က(၁)၊ အ-ထ-က(၂)နှင့် အ-ထ-က(၄)တို့တွင် စာစစ်ဌာနများ ပြုလုပ်ထားပြီး အ-ထ-က(၁)စာစစ်ဌာနတွင် ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ(၄၃၈)ဦး၊ အ-ထ-က (၂)စာစစ်ဌာနတွင် ဖြေဆိုသူကျောင်းသား၊ ကျောင်းသူ(၂၅၇)ဦး၊ အ-ထ-က(၄)စာစစ်ဌာနတွင် ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ(၃၄၇)ဦး စုစုပေါင်း ကျောင်းသား၊ကျောင်းသူ(၁၀၄၂)ဦးဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ထားရှိကြောင်း  မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

ခရိုင်(ပြန်/ဆက်)