မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီ ရင်ပြင်တော်တိုးချဲ့ခြင်းအတွက် (ဒွါဒသမအကြိမ်) အလှူငွေပေးအပ်ပွဲကျင်းပ
Mar 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူပြီး ဧရာဝတီတိုင်းဒေသကြီး၏ ထင်ရှားသော ဘုရားစေတီများတွင် တစ်ဆူအပါအဝင်ဖြစ်သည့် မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စွန်းစေတီတော်၏ ရင်ပြင်တော်တိုးချဲ့တည်ဆောက်ခြင်းအတွက် (ဒွါဒသမအကြိမ်) အလှူငွေပေးအပ်လှူဒါန်းပွဲအခမ်းအနားကို မတ်လ ၉ ရက်နေ့ မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများနှင့် စေတနာရှင်အလှူရှင်များ တက်ရောက်ခဲ့ကြသည်။