သတင်းများ

ရှမ်းပြည်နယ် အမျိုးသားဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်
Mar 10,2024
၂၀၂၄ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် (၂၅) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်မည့် ရှမ်းပြည်နယ်အမျိုးသားဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲကို ယမန်နေ့နံနက် (၉) နာရီက တောင်ကြီးမြို့၊ လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပသည်။
ဒေးဒရဲမြို့နယ် ကျုံဒူးဒါးမလိမ်းကျေးရွာတွင် ဆီထွက်သီးနှံဆောင်းနေကြာ စံပြစိုက်ခင်းရိတ်သိမ်းပွဲ ကျင်းပ
Mar 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ကျုံဒူးဒါးမလိမ်းကျေးရွာရှိ တောင်သူ ဦးဆန်းလွင်၏ ကွင်းအမှတ်(၃၆၂)၊ ဦးပိုင်အမှတ်(၂/၆)၊ ဧရိယာ(၁၀)ဧကတွင် စိုက်ပျိုးထားသည့် ဆီထွက်သီးနှံ Super Sun (41) စိုက်ခင်းတွင် စံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နံနက်  (၁၀)နာရီအချိန်က ပြုလုပ်ခဲ့သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နှစ် (၅၀) ပြည့် ရွှေရတုမွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေ (၁၅၄.၁၇) ဧကအား တောင်သူများသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား တက်ရောက်
Mar 10,2024
၂၀၂၄ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် နှစ် (၅၀) ပြည့် ရွှေရတု မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေ (၁၅၄.၁၇) ဧကအား တောင်သူများသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရင်းငြိမ် (မြောက်) ကျေးရွာအုပ်စု၊ စက်မှုလယ်ယာမြေစနစ်ကျ လယ်ယာမြေစီမံကိန်း ရှင်းလင်းဆောင်၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးတို့က နှစ် (၅၀) ပြည့် ရွှေရတု မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေ (၁၅၄.၁၇) ဧကအား တောင်သူများသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားမုဒ်ဦးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
ဖြူးမြို့နယ်၌ အသက် (၈၅) နှစ်နှင့်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်ထောက်ပံ့
Mar 10,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိ အသက် (၈၅) နှစ်နှင့်အထက် အဘိုးအဘွားများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင်ထောက်ပံ့ခြင်းအစီအစဉ်ဖြင့် တစ်ဦးလျှင် (၁၀၀၀၀) ကျပ်နှုန်း (၃) လလျှင် တစ်ကြိမ်ထောက်ပံ့ပေးလျက်ရှိရာ ယမန်နံနက် ၉ နာရီအချိန်က စတင်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူနှင့် တာဝန်ရှိသူများသည် ဖြူးအရှေ့ကျေးရွာအုပ်စု၊ ဘန်းလောင်ကျေးရွာတွင် အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် ဖန်ခါးမြေဘိုးဘွားရိပ်သာ သန့်ရှင်းသာယာလှပစေရေး  စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး
Mar 10,2024
မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်နှင့် မြို့နယ်များတွင် မြို့ရွာသန့်ရှင်းသာယာလှပရေး၊ ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် ဆေးရုံ၊ ဆေးခန်းများ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးတို့အတွက် အပတ်စဉ် (စနေနေ့တိုင်း) စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၇ နာရီအချိန်က မကွေးမြို့ ဖန်ခါးမြေဘိုးဘွားရိပ်သာ၌ ဌာနဆိုင်ရာများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှ ဗိုလ်မှူးချုပ် ထွန်းဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများက သွားရောက်၍ ကြည့်ရှုအားပေးသည်။
(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မင်းဘူး(စကု)မြို့နယ် ကျောက်စံလျှပ်စစ်ရေတင်လုပ်ငန်း၌ နေရောင်ချည်စွမ်းအင်သုံး ၂၁၅ ကီလိုဝပ် ဆိုလာဓါတ်အားပေးစနစ် ဖွင့်ပွဲ ကျင်းပ
Mar 10,2024
(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးရင်းခွင့်ပြုရန်ပုံငွေဖြင့် မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်) လက်အောက်ရှိ ကျောက်စံ လျှပ်စစ်ရေတင်လုပ်ငန်းက ဆောင်ရွက်သည့် နေရောင်ချည်စွမ်းအင်သုံး (၂၁၅)ကီလိုဝပ် ဆိုလာ ဓါတ်အားပေးစနစ် တွဲဖက်တပ်ဆင်ခြင်းလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီခွဲ အချိန်က အဆိုပါလျှပ်စစ်ရေတင်လုပ်ငန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သံဖြူဇရပ်မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်
Mar 10,2024
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက ထိရောက်လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် မီးဘေးအန္တရာယ်ကြောင့် နစ်နာဆုံးရှုံးမှုမရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သဏ္ဍန်တူဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန ရုံးဝင်းအတွင်း၌ ဆောင်ရွက်ခဲ့သည်။
ကျိုက်ထိုမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်
Mar 10,2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက ထိရောက်လျင်မြန်စွာ တုံံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် မီးဘေးအန္တရာယ်ကြောင့် နစ်နာဆုံးရှုံးမှုမရှိစေရန်ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းကို ယမန်နေ့ နံနက်(၉)နာရီက ပြည်သူ့ဈေး၌ ဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဝေယံအောင်နှင့် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ မီးလောင်မှုဖြစ်ပွားလာပါက မီးငြိမ်းသတ်ရေးလုပ်ငန်းများနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ရုတ်တရက်မီးလောင်မှုဖြစ်ပွားလျှင် အရေးပေါ်ထားရှိသည့် မီးသတ်ဆေးဘူး၊ ပေါင်ဒါမှုန့်နှင့် ရေစိုအဝတ်အသုံးပြုနည်းတို့ကို ထိရောက်လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။