ကျောက်ဆည် မတ် ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၌ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ပဲမျိုးစုံသီးနှံ (၁၈၁၂၃၇)ဧက စိုက်စိုက်ပျိုးနိုင်ခဲ့ပြီး မိုးပဲမျိုးစုံပေါင်း (၅၈၄၄၆) နှင့် ဆောင်းပဲမျိုးစုံ (၁၂၂၇၉၁) ဧက စိုက်ပျိုးခဲ့ကြောင်း ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ ပဲသီးနှံများ စိုက်ပျိုးရာတွင် ပဲတီစိမ်းသီးနှံများကို ကျောက်ဆည်မြို့နယ်၌ (၁၈၃၁၁) ဧက၊ စဉ့်ကိုင်မြို့နယ်၌ (၁၀၄၅၉) ဧက၊ မြစ်သားမြို့နယ်၌ (၁၉၄၅၁) ဧက၊ ပဲစင်းငုံသီးနှံများကို ကျောက်ဆည်မြို့နယ်၌ (၈၆၇) ဧက၊ စဉ့်ကိုင်မြို့နယ်တွင် စိုက်ပျိုးနိုင်ခြင်းမရှိကြောင်းနှင့် မြစ်သားမြို့နယ်၌ (၆၈၅)ဧက၊ ကုလားပဲသီးနှံများကို ကျောက်ဆည်မြို့နယ်၌ (၂၈၄၂၆) ဧက၊ စဉ့်ကိုင်မြို့နယ်၌ (၁၆၃၀၄)ဧက၊ မြစ်သားမြို့နယ်၌ (၃၃၆၁၂)ဧက၊ ထောပတ်ပဲများကို ကျောက်ဆည်မြို့နယ်၌ (၉၈၀)ဧက၊ စဉ့်ကိုင်မြို့နယ်တွင် စိုက်ပျိုးနိုင်ခြင်းမရှိကြောင်းနှင့် မြစ်သားမြို့နယ်၌ (၁၆၀)ဧက၊ ပဲကြီးသီနှံများကို ကျောက်ဆည်မြို့နယ်၌ (၁၁၉၅)ဧက၊ စဉ့်ကိုင်မြို့နယ်တွင် စိုက်ပျိုးနိုင်ခြင်း မရှိကြောင်းနှင့် မြစ်သားမြို့နယ်၌ (၂၄၀) ဧက၊ ပဲကျားသီးနှံများကို ကျောက်ဆည်မြို့နယ်၌ (၈၂၉)ဧက၊ စဉ့်ကိုင်မြို့နယ်တွင် စိုက်ပျိုးနိုင်ခြင်းမရှိကြောင်းနှင့် မြစ်သားမြို့နယ်၌ (၃၃၁)ဧက၊ ပဲယဉ်းသီးနှံများကို ကျောက်ဆည်၊ စဉ့်ကိုင်မြို့နယ်တွင် စိုက်ပျိုးနိုင်ခြင်း မရှိကြောင်းနှင့် မြစ်သားမြို့နယ်၌ (၅၁၈)ဧက၊ အခြားပဲများအနေဖြင့် ကျောက်ဆည်မြို့နယ်၌ (၂၈၃၀၂)ဧက၊ စဉ့်ကိုင်မြို့နယ်၌ (၁၀၁၃၇)ဧက၊ မြစ်သားမြို့နယ်၌ (၁၀၄၃၀)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကျောက်ဆည်ခရိုင်တွင် ပဲသီးနှံမျိုးစုံ စိုက်ပျိုးရာ၌ မြေအနေအထား၊ ရေရှိမှုနှင့် ရာသီဥတု အပေါ် မူတည်၍ စိုက်နည်း အမျိုးမျိုးဖြင့် စိုက်ပျိုးကြကြောင်းနှင့် ပဲစိုက်တောင်သူများ ပိုးမွှားကင်းစင်ပြီး ပဲအထွက်နှုန်း ကောင်းမွန်ရေး ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများမှ တောင်သူများနှင့် ပူးပေါင်းပြီး ဒေသနှင့် ကိုက်ညီသည့် မျိုးများရွေးချယ်စိုက်ပျိုးစေခြင်းအပြင် စိုက်ပျိုးနည်းစနစ်များပါ စနစ်တကျ ကူညီပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်၊ကျောက်ဆည်