Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ရန်ကုန်မှ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့ ဆေးကုသနေမှုအား ကြည့်ရှုအားပေး
Mar 10,2024
ဆေးတက္ကသိုလ် (၂) ရန်ကုန်မှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာနအစီအစဉ်ဖြင့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ပြည်သူ့ဆေးရုံကြီး ၌ ထားဝယ်မြို့မှ အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဒေသခံပြည်သူများအား ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့် တိုင်းဒေသကြီးဝန်ကြီးများက လှည့်လည်ကြည့်ရှုအားပေးသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ် စိန်ဖရန်စစ်ဇေးဗီးယားမူကြိုကျောင်း၌ မူကြိုကျောင်းဆင်း လက်မှတ်ပေးအပ်ခြင်း အခမ်းအနားကျင်းပ
Mar 10,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၏ တည်ထောင်ခွင့်ပြုမိန့်ရ စိန်ဖရန်စစ်ဇေးဗီးယား ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းမှ မူကြိုကလေးငယ်များအား မူကြိုကျောင်းဆင်း လက်မှတ်ပေးအပ်ခြင်းနှင့်ပညာရည်ချွန်ဆု ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က အဆိုပါမူကြို ကျောင်း၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌ ကျောက်ဆည်-ဖျောက်ဆိပ်-ရဲရွာလမ်းတွင် သံကူကွန်ကရစ်တံတား (၃)စင်းဆောက် လုပ်ပေးခဲ့သောကြောင့် ကုန်စည်စီးဆင်းမှုများ ပိုမိုလျင်မြန်
Mar 10,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မြိုပြနှင့်ကျေးလက်ကွာဟမှုမရှိစေရေး၊ ကုန်စည် စီးဆင်းမှု လျင်မြန်စေရေး၊ ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မြင့်မားရေး မြို့နယ် လမ်းဦးစီးဌာမှ ဘဏ္ဍာနှစ်အလိုက် ပြည်သူများ၏လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်-ဖျောက်ဆိပ်ပင်-ရဲရွာလမ်းတွင် သံကူကွန်ကရစ် (၃)စင်း ဆောက်လုပ်ပေးသောကြောင့် ကုန်စည်စီးဆင်းမှုများ ပိုမိုလျှင်မြန်လျက်ရှိ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မက်မန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေး အစည်းအဝေးကျင်းပ
Mar 10,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် သဘာဝဘေးအန္တရာယ်တာစီးကာကွယ်ရေးအစည်းအဝေးကို ယမန်နေ့နံနက် (၁၀:၀၀)အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မုံရွာစီးပွားရေးတက္ကသိုလ်တွင် (၂၂)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ
Mar 10,2024
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာစီးပွားရေး တက္ကသိုလ်(၂၂)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့ နံနက်(၉)နာရီက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယန်းမြို့၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအေးချမ်းစွာဖြေဆိုနိုင်ရေးနှင့် မီးဘေးလုံခြုံရေး ကြည့်ရှုစစ်ဆေး
Mar 10,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စာစစ်ဌာနများ စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေး မီးဘေးလုံခြုံရေး ကြည့်ရှုစစ်ဆေးခြင်းများကို မတ် ၉ ရက် နံနက် ၁၀ နာရီက မွန်ကဲရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
မြန်အောင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီ အခြေခံအားကစား သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိ
Mar 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် ၊မြန်အောင်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ နွေရာသီ အခြေခံအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ အားကစားနည်း (၅)မျိုးအား (၅-၃-၂၀၂၄) ရက်နေ့မှ (၃-၄-၂၀၂၄) ရက်နေ့အထိ အခမဲ့ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းနောင်မြို့ တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကား လက်ကမ်းစာ စောင်များဖြန့်ဝေ
Mar 10,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့အတွင်းရှိ မိဘပြည်သူများ သိရှိလေ့လာနိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ နံနက်(၁၀)နာရီအချိန်က အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5695
Page
5696
Page
5697
Page
5698
Current page
5699
Page
5700
Page
5701
Page
5702
Page
5703
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department