တနိုင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြိုင်ပွဲများ ကျင်းပ

တနိုင်း မတ် ၁၀

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ကဗျာရွတ်ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲကို မတ်လ ၈ရက်နေ့ နံနက် ၁၀နာရီခွဲက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝါဦးက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲအားဆက်လက်ကျင်းပရာ ကျောင်းသား/ကျောင်းသူ ၃၀ ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ကြရာ ဆုရရှိသူများကို တာဝန်ရှိသူများက ဆုလက်ဆောင်များ အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။

တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်များဗလငါးတန်ဖွံ့ဖြိုးလာစေရန်ရည်ရွယ်၍ သင်တန်းများ၊ စာဖတ်ဝိုင်းများ၊ ပြပွဲပြိုင်ပွဲများ၊ လူငယ်ရေးရာဟောပြောပွဲများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မနောမြေ(တနိုင်း)