တောင်တွင်းကြီးမြို့နယ်၌ ခရမ်းချဉ်ပင်များ အောင်မြင်ဖြစ်ထွန်း

တောင်တွင်းကြီး မတ် ၁၀

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ကျေးလက်တောင်သူများ စိုက်ပျိုးသည့် ခရမ်းချဉ်ခင်းများ ပိုးမွှားကျရောက်မှုနည်းပါးပြီး ခရမ်းချဉ်သီးများ အောင်မြင်ဖြစ်ထွန်းကာ အသီးလှိုင်လှိုင်ပေါ်ချိန် စျေးနှုန်းရရှိမှုနည်းပါးနေကြောင်း တောင်သူများထံမှ သိရသည်။

တောင်တွင်းကြီးမြို့နယ်တွင် စိုက်ပျိုးရေးတောင်သူများ ခရမ်းချဉ်စိုက်ပျိုးရာ၌ စပ်မျိုးခရမ်းချဉ်များဖြစ်သည့် တိုင်ထောင်ခရမ်းချဉ်၊ ငုတ်တုတ်ခရမ်းချဉ်နှင့် နွယ်ခရမ်းချဉ်မျိုးများအနက်မှ ဒေသနှင့်ကိုက်ညီသောမျိုးများကို ရွေးချယ်စိုက်ပျိုးကြောင်း၊ စတင်ပျိုးထောင်ရာတွင် ခရမ်းချဉ်မျိုးစေ့တစ်စေ့လျှင် ပျိုးအိတ်တစ်အိတ်နှုန်းဖြင့် ပျိုးထောင်ကြောင်း၊ ရက်ပေါင်း ၂၀ ခန့်လျှင် ခရမ်းချဉ်စိုက်မည့် စိုက်ခင်းတွင် ရွေ့ပြောင်းစိုက်ပျိုးကြောင်း၊ ခရမ်းချဉ်စိုက်ပျိုးပြီး တစ်လခန့်ကြာလျှင် အပင်ခွအပွင့်များလိုက်လာပြီး စတင်အသီးသီးကြောင်း၊ နောက်ထပ်အပွင့်များ ဖြိုင်ဖြိုင်လှိုင်လှိုင်ပွင့်လာလျှင် ခရမ်းချဉ်သီးများ ရင့်မှည့်၍ စတင်ခူးဆွတ်ရောင်းချရကြောင်း၊ ခရမ်းချဉ်သီးများကို သုံးရက်၊ လေးရက်တစ်ခါ ခူးဆွတ်ရကြောင်း၊ ထွက်ရှိလာသည့် ခရမ်းချဉ်သီးများကို ပွဲစားများနှင့် တောင်တွင်းကြီးမြို့မစျေးတွင် ရောင်းချကြောင်း၊ ခရမ်းချဉ်တစ်ဧကစိုက်လျှင် စုစုပေါင်းသွင်းအားစုကုန်ကျစရိတ် ၅ သိန်းကျော် ကုန်ကျကြောင်း၊ အသီးတစ်ပိဿာလျှင် ၅၀၀ ကျပ် ရောင်းချရကြောင်း၊ တစ်ဧကအမြတ်ငွေ နှစ်သိန်းကျော် ခန့်မှန်းထားကြောင်း ခရမ်းချဥ်စိုက်တောင်သူတစ်ဦးထံမှ သိရသည်။

ရန်နောင်စိုး(ပြန်/ဆက်)