သတင်းများ

တောင်တွင်းကြီးမြို့နယ်၌ ခရမ်းချဉ်ပင်များ အောင်မြင်ဖြစ်ထွန်း
Mar 10,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ကျေးလက်တောင်သူများ စိုက်ပျိုးသည့် ခရမ်းချဉ်ခင်းများ ပိုးမွှားကျရောက်မှုနည်းပါးပြီး ခရမ်းချဉ်သီးများ အောင်မြင်ဖြစ်ထွန်းကာ အသီးလှိုင်လှိုင်ပေါ်ချိန် စျေးနှုန်းရရှိမှုနည်းပါးနေကြောင်း တောင်သူများထံမှ သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ပဲမျိုးစုံသီးနှံ(၁၈၁၂၃၇) ဧက စိုက်ပျိုး
Mar 10,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၌ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ပဲမျိုးစုံသီးနှံ (၁၈၁၂၃၇)ဧက စိုက်စိုက်ပျိုးနိုင်ခဲ့ပြီး မိုးပဲမျိုးစုံပေါင်း (၅၈၄၄၆) နှင့် ဆောင်းပဲမျိုးစုံ (၁၂၂၇၉၁) ဧက စိုက်ပျိုးခဲ့ကြောင်း ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တနိုင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြိုင်ပွဲများ ကျင်းပ
Mar 10,2024
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ကဗျာရွတ်ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲကို မတ်လ ၈ရက်နေ့ နံနက် ၁၀နာရီခွဲက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာ မြှင့်တင်ရေး သင်တန်းဖွင့်ပွဲအခမ်းအနား မြစ်ကြီးနားမြို့၌ ကျင်းပ
Mar 10,2024
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာ မြှင့်တင်ရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို မတ် ၉ ရက် နံနက် ၉ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက်ရှိ “ကုန်သည်ကြီးများ” ဟိုတယ် သင်တန်းခန်းမတွင် ကျင်းပသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနား တက်ရောက်
Mar 10,2024
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားကို ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ မတ်လ ၉ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
ငဖဲမြို့နယ် ကျောင်းကုန်းကျေးရွာတွင် ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာသိကောင်းစရာများ အသိပညာပေးဆွေးနွေး
Mar 10,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဉပဒေအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်းအသိပညာပေးဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်က ကျောင်းကုန်းကျေးရွာ ဓမ္မာရုံ၌ ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာသိကောင်းစရာများ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
နာဂဒေသထွက် ဂေါ်ဖီထုပ်များ လှိုင်လှိုင်ပေါ၍ စျေးကောင်းရရှိကာ မိသားစုအပိုဝင်ငွေရ
Mar 10,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၊ မခွာလယ်ကျေးရွာ၏ ဒေသထွက်သီးနှံဖြစ်သော ဂေါ်ဖီထုပ်သီးနှံများ လှိုင်လှိုင်ထွက်ရှိပြီး ဒေသခံပြည်သူများအတွက် အပိုဝင်ငွေများရရှိကာ စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကော့သောင်းမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိ‌‌ကောင်းစရာ ချပြရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်
Mar 10,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ ခရိုင်အဆင့်ဌာနဆိုင်ရာများအား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာချပြရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲခန့်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။