ရေနံချောင်း မတ် ၁၀
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်အတွင်းအရှိ အသက် (၈၅) နှစ်နှင့်အထက် အဘိုး အဘွား (၉၀၈)ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ ယမန်နေ့က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရသည်။
အဆိုပါ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက အသက် (၈၅)နှစ်နှင့်အထက် အဘိုးအဘွား တစ်ဦးလျှင် လူမှုရေးပင်စင် ထောက်ပံ့ငွေ ၃၀၀၀၀ ကျပ်ကို အဘိုးအဘွားများ လက်ဝယ်အရောက် တစ်အိမ်တက်ဆင်း လိုက်လံပေးအပ်ခဲ့ကြောင်း သိရသည်။
ရေနံချောင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွား ၉၀၈ ဦးအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တတိယသုံးလပတ် ဖြစ်သည့် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)လ မျာအတွက် တစ်ဦးလျှင် လူမှုရေးပင်စင် ထောက်ပံ့ငွေ ၃၀၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း ၂၇၂၄၀၀၀၀ ကျပ်ကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)