သတင်းများ

အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်) ၏ ဒုတိယအကြိမ်မြောက် A.G.T.I ဒီပလိုမာအပ်နှင်းသည့်အခမ်းအနား ကျင်းပ
Mar 10,2024
အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်) ၏ ဒုတိယအကြိမ်မြောက် A.G.T.I ဒီပလိုမာအောင်လက်မှတ် အပ်နှင်းသည့်အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်) ၌ ယနေ့နံနက် (၉)နာရီက ကျင်းပခဲ့သည်။
ရွှေတောင်မြို့နယ်တွင် "နေဝင်းသူရိန်ယိုစုံ" ပြုလုပ်သည့် လုပ်ငန်းသုံးမီးဖိုမှတဆင့် မီးလောင်မှု ဖြစ်ပွား
Mar 10,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ သရက်တောရပ်ကွက်၊ နှပ်တန်းကွက်သစ် ၃-လမ်း "နေဝင်းသူရိန်ယိုစုံ" ပြုလုပ်သည့် လုပ်ငန်းသုံးမီးဖိုမှတဆင့် မီးလောင်မှု ဖြစ်ပွားခဲ့သည်။ ဖြစ်စဥ်မှာ သရက်တောရပ်ကွက်၊ နှပ်တန်းကွက်သစ် ၃ လမ်းရှိ ဦးနေဝင်း "နေဝင်းသူရိန်ယိုစုံ" လုပ်ငန်း လုပ်ကိုင်သူ၏ အလုပ်ရုံအတိုင်းအတာ ( ၁၈"x၁၅"x ၁၂") ရှိမီးဖို၏ မီးကြွင်းမီးကျန်မှ တဆင့် မီးလောင်မှု စတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုအားပေးခြင်းနှင့် မြို့ဖွံ့ဖြိုးရေးလုပ်ငန်းများ လိုက်လံကြည့်ရှုစစ်ဆေး
Mar 10,2024
မုံရွာမြို့ရှိ ရပ်ကွက်နေပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် နေထိုင်သွားလာနိုင်စေရေး၊ ရပ်ကွက်အတွင်းရှိလမ်းများ သန့်ရှင်းသပ်ရပ်စေရေး၊ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် ယမန်နေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ စွယ်တော်လမ်းဘေးဝဲ/ယာအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များနှင့် လူမူရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။
လပွတ္တာမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ခွင့်ကတ်ထုတ်ပေးလျက်ရှိ
Mar 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့ တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (Grade-12) တွင် ဝင်ရောက်ဖြေဆိုနိုင်ရန်အတွက် ဝင်ခွင့်ကတ်များအား ယနေ့နံနက် (၉) နာရီ အချိန်က ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မိုင်းပန်မြို့နယ်၌ (၅၈)ကြိမ်မြောက် မဟာသတိပဋ္ဌာန်ညီလာခံအစည်းအဝေးနှင့် မိုက်ညုကမ္မဋ္ဌာန်းတိုက်၏ (၇၅)နှစ်ပြည့် စိန်ရတုအထိမ်းအမှတ်တရားပွဲတော်ကြီး ကျင်းပ
Mar 10,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် (၅၈)ကြိမ်မြောက် မဟာသတိပဋ္ဌာန်ညီလာခံအစည်းအဝေးနှင့် မိုက်ညုကမ္မဋ္ဌာန်းတိုက်၏ (၇၅)နှစ်ပြည့် စိန်ရတုအထိမ်းအမှတ် တရားပွဲတော်ကြီးကို လွိုင်နွဲ့ကျေးရွာ၊ မိုက်ညုကမ္မဋ္ဌာန်းတိုက်၌ ယမန်နေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့သည်။
မြဝတီမြို့ အမှတ် ၁ ရပ်ကွက်၌ အသက် (၈၅) နှစ်အထက် အဘိုး၊ အဘွား ခြောက်ဦးအား လူမှုရေးပင်စင်ထောက်ပံ့ကြေး ပေးအပ်
Mar 10,2024
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အမှတ် ၁ ရပ်ကွက်အတွင်းရှိ အသက် (၈၅) နှစ်အထက် အဘိုး၊ အဘွားများအား ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တတိယ (၃) လပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) လများအတွက် လူမှုရေးပင်စင်ထောက်ပံ့ကြေးပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်သည်။
ကျောက်တံတားမြို့နယ်တွင် စာရေးသားနည်း သင်တန်းဖွင့်လှစ်
Mar 10,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် (၁၁:၀၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လေအန်ကုန်းစာပေရပ်ဝန်းမှ စာရေးဆရာများ၊ စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club) တို့ ပူးပေါင်း၍ စာရေးသားနည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဆန်းဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးမြင့်စိန်၊ လေအန်ကုန်းစာပေရပ်ဝန်းများ စာရေးဆရာများ၊ သင်တန်းသား/သင်တန်းသူများ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်၊၊
ချမ်းမြေ့မေတ္တာဆေးခန်းတွင် ဘိုးဘွားများကျန်းမာရေး စောင့်ရှောက်မှု အခမဲ့ ဆောင်ရွက်
Mar 10,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့ ချမ်းမြေ့မေတ္တာဆေးခန်းတွင် ဘိုးဘွားများ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းကို ယမန်နေ့နံနက် (၉) နာရီအချိန်က မြို့နယ်ဆေးခန်းကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး အလှူရှင်များ၏ အလှူငွေ လှူဒါန်းမှုများကို လက်ခံခဲ့ကြသည်။