သတင်းများ

ကျိုက်မရောဒေသထွက် မေမြို့ပန်းများ အောင်မြင်ဖြစ်ထွန်း၍ စျေးကောင်းရရှိ
Mar 10,2024
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် ဘိန်းဗျောကျေးရွာ၌  မေမြို့ပန်းများ လှိုင်လှိုင်ထွက်ရှိကာ ပန်းစျေးလည်းကောင်း၍ စီးပွားဖြစ်ပန်းစိုက်တောင်သူများ မိသားစုဝင်ငွေတိုးလျက်ရှိကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း ငါးစားသုံးမှုဖူလုံစေရေး၊ ငါးသယံဇာတတိုးပွားရေး အတွက် ငါးမွေးကန်များစာရင်းနှင့် မြေအသုံးချမှုမှန်ကန်စေရေး၊ လိုအပ်သည့်များ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး ငါးမွေးတောင်သူများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး
Mar 10,2024
ကချင်ပြည်နယ်အတွင်း ငါးစားသုံးမှုဖူလုံစေရေး၊ ငါးသယံဇာတတိုးပွားရေးအတွက် ငါးမွေးကန်များစာရင်းနှင့် မြေအသုံးချမှုမှန်ကန်စေ‌ရေးအတွက် ဥပဒေအညီဖြစ်စေရေး၊ လိုအပ်သည်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ငါးမွေးတောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို မတ် ၉ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးမလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
သရက်ချောင်းမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများကို ကွင်းဆင်းစစ်ဆေး
Mar 10,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေး စာစစ်ဌာနများကို ယနေ့နံနက်၁၁နာရီခွဲအချိန်က တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံ စားတော်ပဲစိုက်ခင်းများ လှိုင်လှိုင်ရိတ်သိမ်းခြွေလှေ့လျက်ရှိပြီး ယခင်နှစ်ကထက် သီးနှံအထွက်နှုန်းကောင်းမွန်
Mar 10,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ်  ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲမျိုးစုံသီးနှံစိုက်ပျိုး ထုတ်လုပ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရန်အတွက် စိုက်ပျိုးထားရှိသည့် စားတော်ပဲစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းပြီး အသီးများရင့်မှည့်လာပြီဖြစ်၍ ဒေသခံတောင်သူများက နွေသီးနှံပြန်လည်စိုက်ပျိုးနိုင်ရေးအတွက်  လှိုင်လှိုင်ရိတ်သိမ်းခြွေလှေ့နေကြကြောင်း သိရကာယခင်နှစ်ကထက် သီးနှံအထွက်နှုန်းများလည်း ပိုမိုကောင်းမွန်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံက သိရသည်။
သပိတ်ကျင်းမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ
Mar 10,2024
ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများ သိရှိနားလည်စေရန်၊ ပြည်သူလုထုတစ်ရပ်လုံးက ပူးပေါင်းပါဝင်ပံ့ပိုးကူညီဆောင်ရွက်နိုင်စေရန်၊ လူမှုကွန်ရက်မီဒီယာများနှင့် တရားမဝင်သတင်းဌာနများက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းမှားများကို အယုံလွယ်လမ်းမှားမရောက်စေရေး၊ တရားဝင်သတင်းဌာနများ၏ ထုတ်ပြန်ချက်များကိုသာလေ့လာနိုင်ရေး အသိပညာပေးဆောင်ရွက်ရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့ ကဘဲ့ရပ်ကွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ယနေ့နံနက် (၉) နာရီအချိန်ကပြုလုပ်ခဲ့သည်။
နတ်မောက်မြို့နယ် အင်းကုန်းကျေးရွာရှိ တောင်သူများ နွားနဖားကြိုးကျစ်ရောင်းချခြင်းဖြင့် ပုံမှန်ဝင်ငွေရရှိ
Mar 10,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် အင်းကုန်းကျေးရွာရှိ တောင်သူများအနေဖြင့် မိမိတို့၏ တောင်သူလုပ်ငန်းခွင်ပြီးလျှင် အိမ်တိုင်းအိမ်တိုင်း အရွယ်ရောက်သည့် ကလေး၊ လူကြီးများ နွားနဖားကြိုးကျစ်ပြီး ဈေးကွက်အတွင်း ပို့ဆောင်ရောင်းချခြင်းဖြင့် နေ့စဉ်ဝင်ငွေရရှိကြောင်း သိရသည်။ 
ကြံခင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့သည် တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးအဖွဲ့ဖြင့် တွေ့ဆုံခြင်းနှင့် Super Sun-41 နေကြာဆီ ကြိတ်ခွဲခြင်းအား ကြည့်ရှု
Mar 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့သည် ၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးအဖွဲ့ဝင်များဖြင့် တွေ့ဆုံခြင်းနှင့် Super San-41 နေကြာဆီကြိတ်ခွဲခြင်းအား ယမန်နေ့ နံနက်ပိုင်းက သက်ဆိုင်ရာစာစစ်ဌာန ကျောင်းများနှင့် နေကြာဆီကြိတ်ခွဲစက်များသို့ သွားရောက်တွေ့ဆုံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ နဂါးနှစ်ကောင်ဆရာတော် အန္တိမအဂ္ဂိစျာပနလောင်တိုက်တော်ထားရှိမည့် နေရာဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှု
Mar 10,2024
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် မတ်(၉)ရက်မွန်းလွဲ(၂)နာရီခွဲက ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ဆေးခမ်းရပ်ကွက်တွင် နဂါးနှစ်ကောင်ဆရာတော် အန္တိမအဂ္ဂိစျာပန လောင်တိုက်တော်ထားရှိမည့်နေရာ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာချီလိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌမှ လုပ်ငန်းကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် လောင်တိုက်တော်ထားရှိမည့်နေရာအား လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။