မော်လိုက် မတ် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့ ချမ်းမြေ့မေတ္တာဆေးခန်းတွင် ဘိုးဘွားများ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းကို ယမန်နေ့နံနက် (၉) နာရီအချိန်က မြို့နယ်ဆေးခန်းကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး အလှူရှင်များ၏ အလှူငွေ လှူဒါန်းမှုများကို လက်ခံခဲ့ကြသည်။
အဆိုပါ ဆေးခန်းကို မော်လိုက်မြို့ မြို့မ (၁) ရပ်ကွက်၊ ကျောင်းတောင်ရပ် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းရုံး “ချမ်းမြေ့မေတ္တာ”ဆေးခန်းတွင် အပတ်စဉ် စနေနေ့တိုင်း နံနက်(၉) နာရီမှ (၁၂) နာရီအထိ ဆေးခန်းဖွင့်လှစ်၍ အဘိုး/အဘွားများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးဝါး ကုသပေးခြင်းနှင့် ထောက်ပံ့ပေးခြင်းတို့ကို အခမဲ့ ဆောင်ရွက်ပေးလျက်ရှိရာ ဆေးခန်းကို ဖွင့်လှစ်ခဲ့သည် မှာရက်သတ္တပတ် (၂၁) ပတ် ရှိပြီးဖြစ်ပြီး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ ဘိုးဘွားများ အပတ်စဉ် (၁၁၃)ဦးခန့် ကျန်းမာရေး စောင့်ရှောက်မှု ခံယူလျက်ရှိကြောင်း မြို့နယ်ဆေးခန်းကြီးကြပ်ရေးကော်မတီ ထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)