ကျောက်တံတား မတ် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် (၁၁:၀၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လေအန်ကုန်းစာပေရပ်ဝန်းမှ စာရေးဆရာများ၊ စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club) တို့ ပူးပေါင်း၍ စာရေးသားနည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဆန်းဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးမြင့်စိန်၊ လေအန်ကုန်းစာပေရပ်ဝန်းများ စာရေးဆရာများ၊ သင်တန်းသား/သင်တန်းသူများ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်၊၊
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး သင်တန်းဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင် စာရေးဆရာ ကျော်ဇင်ဝင်း (မရမ်းကုန်း)က သင်တန်းဆိုင်ရာများကိုလည်းကောင်း၊ စာရေးဆရာမ ညွန့်ညွန့်(ကလော)က သင်တန်းဖွင့်လှစ်ပေးသည့်အတွက် ဂုဏ်ပြုဝမ်းမြောက် စကားများကိုလည်းကောင်း အသီးသီး ပြောကြားခဲ့ကြသည်။
အဆိုပါ စာရေးသားနည်းသင်တန်းအား စာရေးဆရာ သိင်္ခသူနှင့် စာရေးဆရာ နောင်အံ့လူတို့က ဝတ္ထုရေးနည်း၊ ကဗျာရေးနည်း၊ ဆောင်းပါးရေးနည်းတို့အား (၉-၃-၂၀၂၄) ရက်မှစ၍ အပတ်စဉ် အင်္ဂါနေ့နှင့်စနေနေ့တိုင်း တစ်ပတ်လျှင် (၂)ရက်နှုန်းဖြင့် (၉)ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သဇင်