မြဝတီမြို့ အမှတ် ၁ ရပ်ကွက်၌ အသက် (၈၅) နှစ်အထက် အဘိုး၊ အဘွား ခြောက်ဦးအား လူမှုရေးပင်စင်ထောက်ပံ့ကြေး ပေးအပ်

မြဝတီ မတ် ၁၀

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အမှတ် ၁ ရပ်ကွက်အတွင်းရှိ အသက် (၈၅) နှစ်အထက် အဘိုး၊ အဘွားများအား ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တတိယ (၃) လပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) လများအတွက် လူမှုရေးပင်စင်ထောက်ပံ့ကြေးပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်သည်။

ထို့သို့ လူမှုရေးပင်စင်ထောက်ပံ့ကြေးပေးအပ်ခြင်းကို ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူး ဒေါ်အေးအေးမြင့်၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့မှ ဒေါ်ကေခိုင်နှင့် အမှတ် ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းတို့က အသက် (၈၅) နှစ်အထက် အဘိုး၊ အဘွားခြောက်ဦးအား တစ်ဦးလျှင် ငွေကျပ်သုံးသောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် ၁၈၀၀၀၀တိတိကို ထောက်ပံ့ပေးအပ်နိုင်ခဲ့ပြီး အလားတူကျန်ရှိသည့် ရပ်ကွက်/ကျေးရွာများတွင်လည်း ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)