ရွှေတောင်မြို့နယ်တွင် "နေဝင်းသူရိန်ယိုစုံ" ပြုလုပ်သည့် လုပ်ငန်းသုံးမီးဖိုမှတဆင့် မီးလောင်မှု ဖြစ်ပွား

ရွှေတောင် မတ် ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ သရက်တောရပ်ကွက်၊ နှပ်တန်းကွက်သစ် ၃-လမ်း "နေဝင်းသူရိန်ယိုစုံ" ပြုလုပ်သည့် လုပ်ငန်းသုံးမီးဖိုမှတဆင့် မီးလောင်မှု ဖြစ်ပွားခဲ့သည်။ ဖြစ်စဥ်မှာ သရက်တောရပ်ကွက်၊ နှပ်တန်းကွက်သစ် ၃ လမ်းရှိ ဦးနေဝင်း "နေဝင်းသူရိန်ယိုစုံ" လုပ်ငန်း လုပ်ကိုင်သူ၏ အလုပ်ရုံအတိုင်းအတာ ( ၁၈"x၁၅"x ၁၂") ရှိမီးဖို၏ မီးကြွင်းမီးကျန်မှ တဆင့် မီးလောင်မှု စတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ရာနေရာသို့ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်မီးသတ် ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်ပိုင်ထွန်း ဦးစီး၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊၊ရဲ တပ်ဖွဲ့ဝင်များ၊ သရက်တောရပ်ကွက်  အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊( သရက်တော၊ ကြာနီကန်၊ ယွန်းတန်း) အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍  မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီး​ငြှိမ်းသတ်ယာဥ် (၄) စီး၊ (ကြာနီကန်၊ ယွန်းတန်း) အရန်မီးသတ်တပ်ဖွဲ့တို့မှ  မီးငြှိမ်းသတ်ယာဥ် (၂) စီး၊ သရက်တောအရန်မီးသတ်တပ်ဖွဲ့မှ ရေသယ်ယာဥ် (၁) စီး စုစုပေါင်းမှ မီးငြှိမ်းသတ်ယာဥ် (၆) စီးတို့ဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ (မီးထိန်း၊ မီးငြှိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်ကျွမ်းမှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်သေဆုံးမှု မရှိဘဲ ပျက်စီးဆုံးရှုံးမှု ခန့်မှန်းတန်ဖိုး( ၆၅၀၀၀ိ/-) ကျပ်ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားစေခဲ့သူ ဦးနေဝင်းအား ရွှေတောင်မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုကိုမင်း ( ပြန်/ဆက်)