သတင်းများ

တိုင်းဒေသကြီးဝန်ကြီးချုပ် ဟိုင်းကြီးကျွန်းမြို့၊ ခမောက်မော်ကျေးရွာ ဆိပ်ခံတံတားသစ်အား တက်ရောက်ဖွင့်လှစ်ပေး
Mar 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ခမောက်မော် ကျေးရွာရှိ အိမ်ခြေ (၄၃၆) အိမ်ခြေမှ လူဦးရေ (၁၅၈‌၈) ဦးအား အကျိုးပြုမည့် ဆိပ်ခံတားသစ်ဖွင့်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျေးရွာ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ကျွန်းလှမြို့နယ်၌ ဟင်းသီးဟင်းရွက် မျိုးစေ့ထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာပေးသင် တန်းဖွင့်လှစ်
Mar 10,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဟင်းသီးဟင်းရွက်စိုက်ပျိုးသည့် တောင်သူများအား မျိုးစေ့ထုတ်လုပ်ခြင်း သင်တန်းကို ယနေ့နံနက် ၉ နာရီခွဲက ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပကြောင်း သိရသည်။
ငဖဲမြို့နယ် သီပေါ်ကျေးရွာတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဆွေးနွေး
Mar 10,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်းအသိပညာပေးဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်က သီပေါ်ရွာသစ်ဓမ္မာရုံ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့်စာစစ်ဌာနများအား ကြည့်ရှုစစ်ဆေး
Mar 10,2024
၂၀၂၃-၂၀၂၄ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ်ရှိ စာစစ်ဌာန(၃)ခု၌ ကျောင်းသား၊ ကျောင်းသူများစိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး ကြိုတင်ပြင်ဆင်ထားသည့် အခြေအနေများအား မတ်လ(၁၀)ရက်နေ့၊နံနက်(၁၀)နာရီအချိန်က မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှလိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ဇလွန်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းအချက်အလက်များကို ဇလွန်မြို့နယ်အတွင်းရှိ ပြည်သူများ သတင်းအမှန်များကို ကောင်းစွာသိရှိကြစေရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် ၉ နာရီတွင် မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီးရှေ့တွင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ ပြည်သူများထံ ဖြန့်ဝေပေးခဲ့ကြသည်။
ပင်းတယမြို့နယ်တွင် လူထုအခြေပြုဗဟိုဌာန၊ (Community Centre)ခန်းမ၌  အင်္ဂလိပ်စာအခြေခံသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
Mar 10,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ)ရှိ လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနိုင်ရေး လူမှုရေးရာဝန်ကြီး ဦးမျိုးအောင် ကွင်းဆင်းစစ်ဆေး
Mar 10,2024
၂ဝ၂၃-၂ဝ၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၁၁ ရက်နေ့တွင် စတင်ဖြေဆိုကျင်းပသွားမည်ဖြစ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်သည် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တိုင်း/ ခရိုင်/ မြို့နယ်ပညာရေးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့က ပဲခူးမြို့နယ်ရှိ အ.ထ.က(၁)-ပဲခူး စာစစ်ဌာန၊ အ.ထ.က-ဘုရားကြီးစာစစ်ဌာန၊ အ.ထ.က-အင်းတကော်စာစစ်ဌာနများသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ကျောင်းသားကျောင်းသူများ၊ ကြီးကြပ်ဆရာဆရာမများနှင့် မိဘအုပ်ထိန်းသူများအား တွေ့ဆုံခြင်းနှင့် စာစစ်ဌာနများကို ကွင်းဆင်းကြည့်ရှုစစ်ဆေး
Mar 10,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ရောက်ရှိနေကြသည့် ကျောင်းသာကျောင်းသူများ၊ ကြီးကြပ်ဆရာဆရာမများနှင့် မိဘအုပ်ထိန်းသူများအား ဘုတ်ပြင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းဌေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းနှင့်အဖွဲ့ဝင်များက ခရိုင်ပညာရေးမှူးနှင့်တာဝန်ရှိသူများက ယနေ့နံနက်က သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်