သံတွဲ မတ် ၁၀
သံတွဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယမန်နေ့ နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Computer သင်တန်းသားများစုပေါင်း၍ စာရေးဆရာ ဒေါက်တာသိန်းလွင် (ပညာရေးစိတ်ပါရဂူ) ရေးသားသည့် ကလေးကိုချစ်ရင် မခြောက်ပါနဲ့ စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မေမွန်ထွဋ်က လူငယ်လူရွယ်များအားလုံး စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေပြီး အသိပညာ ဗဟုသုတများရရှိလာစေရန်ရည်ရွယ်၍ ယခုလိုစာဖတ်ဝိုင်းများ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ယွန်းသီရိအောင်က စာရေးဆရာ စာရေးဆရာ ဒေါက်တာသိန်းလွင် (ပညာရေးစိတ်ပါရဂူ) ရေးသားသည့် " ကလေးကိုချစ်ရင် မခြောက်ပါနဲ့ စာအုပ်မှ" "ကလေးဘဝမှာ သင်ယူတာ ပျော်စရာဖြစ်ရမယ်" မဆောင်းသဇင်က "ကလေးတို့ပတ်ဝန်းကျင်"၊ မောင်အောင်ဖုန်းသစ်က "ကလေးတို့၏ ခံစားချက်ကို နားထောင် အသိအမှတ်ပြုခြင်း"၊ မောင်ထက်နန္ဒာကျော်က "ချီးမွမ်းအသိအမှတ်ပြုခြင်း"၊ ခေါင်းစဉ်များကို တစ်ဦးချင်း အသေးစိတ်ဖတ်ကြားဆွေးနွေးခဲ့ကြရာ ဒုတိယဦးစီးမှူးက ခေါင်းစဉ်တစ်ခုချင်းအလိုက် အသေးစိတ် ပြန်လည်ဖြည့်စွက်ဆွေးနွေးခဲ့သည်။
ခရိုင်ပြန်/ဆက်