ခန္တီးမြို့နယ်၌ စာပေချစ်မြတ်နိုးသူ(Youth Club)အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

ခန္တီး     မတ်   ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့တွင် လူငယ်များအား ဗလငါးတန်ဖွံ့ဖြိုးသည့် လူငယ်လေးများဖြစ်ပေါ်လာစေရန်၊ အတွေးအခေါ်မြင့်မားလာစေရန်၊ စကားပြောစွမ်းရည်ကြွယ်ဝ လာစေရန်နှင့် အသင်းအဖွဲ့များနှင့်ပေါင်းသင်း ဆက်ဆံရေးကဏ္ဍများတွင် ထူးချွန်ထက်မြက်သည့် လူငယ်လေးများဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူ(Youth Club)အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးကို ယမန်နေ့က ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းအေးခိုင်က စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြော ကြားကာ ထန်းတပင်စန်းလွင်ရေးသားထားသည့် မီးလျှံများကိုဖြတ်ကျော်ခြင်း စာအုပ်မှ မောင်စွမ်းပြည့်ဟိန်းက မူးယစ်နွံတွင်းကျွံ၍ဆင်း သေမင်းအမြန်ခေါ်လိမ့်မည် ခေါင်းစဉ်ဖြင့်လည်း ကောင်း၊ မခင်စောပြည့်က ပန်းကလေးများမနွမ်းစေချင် ခေါင်းစဉ်ဖြင့်လည်းကောင်း အကျယ်တဝင့် ဆွေးနွေးခဲ့ကြရာ တက်ရောက်ကြသည့် (Youth Club)အဖွဲ့ဝင်များက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် သက်ဆိုင်သူများကပြန်လည်ဖြေကြားခဲ့ပြီး လိုအပ်သည်များကို လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းအေးခိုင်က ဖြည့်စွက်ဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)