ဟင်္သာတမြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကုလားခတ်-သုံးမြေ့ဆိုင် ကျေးရွာချင်းဆက် ချောင်းကျောက်လမ်း ဖွင့်ပွဲကျင်းပ

ဟင်္သာတ မတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ကုလားခတ်ကျေးရွာအုပ်စုတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေဖြင့်ဆောင်ရွက်သည့် ကုလားခတ်-သုံးမြေ့ဆိုင် ကျေးရွာချင်းဆက်လမ်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါလမ်းဖွင့်ပွဲ မုဒ်ဦးရှေ့တွင်ပြုလုပ်ခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသူရိန်၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီးကျော်မြသန်း၊  အဖွဲ့ဝင်(၂)ဦးအောင်မြင့်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဆန်းထွန်းတို့က လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး တက်ရောက်လာသူများနှင့် အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ဆက်လက်၍ ကုလားခတ်-သုံးမြေ့ဆိုင်ကျေးရွာချင်းဆက်လမ်း ချောင်းကျောက်ခင်းထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ လမ်းသစ်ကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သိန်း(၉၀၀)မှ ရန်ပုံငွေ(၄၅)သိန်း၊ ပြည်သူထည့်ဝင်ငွေ(၃၅)သိန်းဖြင့် ဆောင်ရွက်ခဲ့ပြီးလမ်း အရှည်(၈၅၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မ၊ ချောင်းကျောက်လမ်းဖြစ်ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးသူရိန်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဒုတိယရဲမှူးကြီးကျော်မြသန်း၊  အဖွဲ့ဝင်(၂) ဦးအောင်မြင့်ဦး၊ မြို့နယ်ဥက္ကဋ္ဌ ဦးညွန့်ဆန်းထွန်း၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ ကျောင်းသား/သူများ၊ ရပ်မိရပ်ဖများ၊ လမ်းကော်မတီများ၊ ဒေသခံပြည်သူများ စုစုပေါင်း ၂၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)