စဉ့်ကူး မတ် ၂၄
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနသည် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ နိုင်ငံတစ်ဝန်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားကို ထုတ်ပေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ်၊ ဝါရုံကုန်းကျေးရွာတွင် ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေးခြင်းနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ စဉ့်ကူးမြို့နယ်ဦးစီးမှူး ဦးအောင်ခန့်ဝေဦးဆောင်သောဝန်ထမ်းများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် ရပ်/ကျေးစာရေးဝန်ထမ်းများပါဝင်သောအဖွဲ့တို့က ဝါရုံးကုန်းကျေးရွာနေ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေးခြင်းနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများကို (One Stop Service)နေ့ချင်းပြီးဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးဌာနမှသွေးစစ်ပေးခြင်း၊ ပညာရေးဌာနမှ ကျောင်းထောက်ခံချက်ပေးခြင်းတို့ ဆောင်ရွက်ပေးလျက်ရှိရာသို့ စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးထွန်းကျော်နိုင်နှင့်အဖွဲ့ဝင်များက လာရောက်ကြည့်ရှု၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တင်ဇာလွင် (ပြန်/ ဆက်)