မြောင်းမြ မတ် ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၌ ပြင်ရွာကျေးရွာအုပ်စုရှိ ပေသလပ်ကုန်း-ပြင်ရွာ ကွန်ကရိလမ်းခင်းပြီးသည့်အတွက် ပြည်သူများသွားလာရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ပေသလပ်ကုန်း-ပြင်ရွာ ကွန်ကရိလမ်းသစ် စုစုပေါင်းအရှည် (၆) မိုင်၊ (၄) ဖာလုံကို ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် (၁) မိုင်၊ (၁.၅) ဖာလုံ၊ ၂၀၁၉-၂၀၂၀ ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် (၅. ၆) ဖာလုံ၊ ၂၀၂၀-၂၀၂၁ ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် (၄.၅) ဖာလုံ၊ ၂၀၂၂-၂၀၂၃ ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် (၁) မိုင်၊ (၅.၁) ဖာလုံ၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ (၁) မိုင်၊ ၂၀၂၃-၂၀၂၄ ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် (၄) ဖာလုံ၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ (၁) မိုင် ကွန်ကရိလမ်းခင်းခြင်း လုပ်ငန်းအားလုံး ပြီးစီးအောင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပေသလပ်ကုန်း-ပြင်ရွာ ကွန်ကရိလမ်းခင်းပြီးသည့်အတွက်မြောင်းမြမြို့နယ်အတွင်းရှိ ကျေးရွာအူပ်စုပေါင်း (၃၆) အုပ်စု၊ ကျေးရွာပေါင်း (၅၃) ရွာ ၊အိမ်ခြေ (၁၅၁၁၅) နှင့် လူဦးရေ (၇၆၈၂၄) ဦးတို့အတွက် လမ်းပန်းဆက်သွာ်မှုလွယ်ကူးပြီး လူမှုရေး၊ ကျန်းမားရေး၊ ပညာရေး၊ စီးပွားရေး တို့အဆင်ပြေချောမွေ့လျက်ရှိကြောင်းသိရသည်။
မြောင်းမြ
ခရိုင် (ပြန်/ဆက်)