မုဒုံ မတ် ၈
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် မတ်လ ၁၁ ရက်နေ့၌ တက္ကသိုလ်ဝင်တန်းများ စာမေးပွဲကျင်းပမည်ဖြစ်ရာ ကျောင်းသား/ သူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာန အခြေခံပညာစာသင်ကျောင်းများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယမန်နေ့နံနက်ပိုင်းက အ.ထ.က(၁)မုဒုံ၊ အ.ထ.က (ကမာဝက်) စာသင်ကျောင်းတွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မုဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းအောင်၊ မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဖုန်းမြင့်အေးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ လျှပ်စစ်အင်ဂျင်နီယာ ဦးဝေလင်းနှင့်တာဝန်ရှိသူတို့က စာသင်ကျောင်းအတွင်း မီးငြှိမ်းသတ်ရေးပစ္စည်းများနှင့် မီးသတ်ဆေးဘူး လုံလောက်စွာထားရှိမှု၊ ရေသိုလှောင်ကန်များ ထားရှိမှုအခြေအနေ၊ ကျောင်းအတွင်းသွယ်တန်းထားသည့် လျှပ်စစ်ဝါယာကြိုးများ စနစ်တကျ ရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ခံအား မီးဘေးအန္တရာယ်နှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)