မြစ်ကြီးနားမြို့၌ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး (အခမဲ့) ပန်းအလှဆင်သင်တန်းနှင့် (အခမဲ့)အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မြစ်ကြီးနား မတ် ၈

ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိစေရန်ရည်ရွယ်၍ (အခမဲ့)ပန်းအလှဆင်သင်တန်းနှင့် (အခမဲ့) အခြေခံစက်ချုပ် သင်တန်းဖွင့်ပွဲအခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ မတ်လ ၇ ရက် နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကချင်ပြည်နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထက်က မြစ်ကြီးနား (Community Centre) တွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ အသက်မွေးလုပ်ငန်းသင်တန်းပေါင်း (၂၃) ကြိမ် ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး သင်တန်းသူ/သင်တန်းသား စုစုပေါင်း(၅၀၀)ဦးခန့်အား သင်တန်းပေးနိုင်ခဲ့ကြောင်းနှင့် (၂၀၂၄) ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ အသက်မွေးလုပ်ငန်းသင်တန်းပေါင်း (၆) ကြိမ် ဖွင့်လှစ်ပေးနိုင်ပြီး သင်တန်းသား/သူ စုစုပေါင်း (၁၅၀) ဦးခန့်ကို သင်တန်းပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း ‌ပြောကြားသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြစ်ကြီးနားခရိုင်ဦးစီးမှူး ဦးကျော်ထက်က သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များ၊ သင်တန်းစည်းမျဉ်းစည်းကမ်း ချက်များနှင့် (Community Centre) မြစ်ကြီးနား၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး သင်တန်းသူမဆာရာမွန်းက သင်တန်းဖွင့်လှစ်ပေးပါသော သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အသီးသီးမှ တာဝန်ရှိသူများအား ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းနှင့် အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားသို့တာဝန်ရှိသူများနှင့် သင်တန်းသား/သင်တန်းသူများ စုစုပေါင်း (၇၀) ဦး ကျော်တက်‌ရောက်ခဲ့ကြောင်းသိရသည်။

ယော်ဆောင် (ပြန်/ဆက်)