ရွှေသောင်ယံမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအေးချမ်းစွာဖြေ ဆိုနိုင်ရန် ဌာနဆိုင်ရာများနှင့်ညှိနှိုင်းအစည်းအဝေး ကျင်းပ

ရွှေသောင်ယံ မတ် ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ယနေ့နံနက် (၉) နာရီခွဲအချိန်က တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းလုံခြုံစွာဖြေဆိုနိုင်ရန်အတွက် မြို့အုပ်ချုပ်ရေးမှူးဦးဆောင်၍ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့်ညှိနှိုင်းအစည်းအဝေးကို ဆောင်ရွက်ခဲ့ကြသည်။

အစည်းအဝေးတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် ကြိုတင်ပြင်ဆင်ထားမှုများ၊ စာမေးပွဲဖြေဆိုသည့်ကျောင်းသား၊ ကျောင်းသူများ အေးချမ်းလုံခြုံစွာဖြေဆိုနိုင်ရန် ဌာနဆိုင်ရာများနှင့် အပြင်စည်းများသတ်မှတ်၍ စာမေးပွဲစတင်ဖြေဆိုသည့် ရက်မှစတင်ကာအလှည့်ကျ စောင့်ကြပ်မှုလုပ်ငန်းများဆောင်ရွက်ရန်စီစဉ်မှုများ၊ ထို့ပြင်ဌာနဆိုင်ရာများ၏ရုံးတွင်း၊ ရုံးပြင် သန့်ရှင်းရေးလုပ်ငန်းများအလေးထားဆောင်ရွက်ရန် စသည်ဖြင့်ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ရွှေသောင်ယံ (ပြန်/ဆက်)