ကင်းထောက်လူငယ်သင်တန်း သန်လျင်ခရိုင်၌ ဖွင့်လှစ်မည်

ရန်ကုန် မတ် ၁၅

သန်လျင်ခရိုင် လူငယ်ရေးရာကော်မတီ၏ လုပ်ငန်းညှိုနိုင်းအစည်းအဝေး (၃/၂၀၂၄) ကို ယမန်နေ့မွန်းလွဲ (၂) နာရီတွင် သန်လျင်မြို့ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရှင်စောပုခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ သန်လျင်ခရိုင် လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးအောင်မြင့်က တိုင်းဒေသကြီးအဆင့် ကင်းထောက်လူငယ်သင်တန်းဖွင့်ပွဲနှင့် သန်လျင်ခရိုင်အဆင့် သင်တန်းဖွင့်ပွဲများကို သတ်မှတ်ပေးထားပြီးဖြစ်ရာ သင်တန်းတက်ရောက်ကြမည့်နည်းပြများ၊ သင်တန်းသားသင်တန်းသူများအနေဖြင့် အချိန်မှီရောက်ရှိရေး တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် တက်ရောက်လာကြသော ခရိုင်လူငယ်ရေးရာကော်မတီဝင်များနှင့် ကျောင်းအုပ်ကြီးများ၊ သင်တန်းနည်းပြများက သင်တန်းများ အချိန်မီဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြကြသည်။

ရန်ကုန်တိုင်းဒေသကြီးအဆင့် ကင်းထောက်လူငယ်သင်တန်းဖွင့်ပွဲကို မတ် ၂၃ ရက်နံနက် (၉) နာရီတွင် ရန်ကုန်မြို့ MCC ခန်းမ၌ လည်းကောင်း၊ သန်လျင်ခရိုင်အဆင့်သင်တန်းဖွင့်ပွဲကို သန်လျင်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ရတနာရှင်းသန့်ခန်းမ၌ မတ် (၂၄) ရက်နေ့ နံနက် (၉) နာရီတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်ဆက်)