မုံရွာ မတ် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် အရေးပေါ်မီးငြှိမ်းသတ်ရေး သရုပ်ပြပွဲကို ယမန်နေ့နံနက်(၉) နာရီခွဲက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသိန်းထိုက်ဦးက အမှာစကား ပြောကြားပြီးနောက် မုံရွာမြို့နယ် မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇင်မိုအောင်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် အရေးပေါ်မီးငြှိမ်းသတ်ရေးနှင့် ပတ်သက်ပြီး ဝန်ထမ်းများအား (Power Point) ဖြင့်ပြသ၍ ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရှိ မီးသတ်ဆေးဘူးများ၊ ရေစုပ်စက်များ၊ ရေသိုလှောင်ကန်များ၊ လျှပ်စစ်မီးကြိုးကြံ့ခိုင်မှုများကို စစ်ဆေးပြီး တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အရာထမ်းများ၊ အမှုထမ်းများနှင့် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက အဆိုပါ တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးအဆောက်အဦရှေ့တွင် မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ပြီး မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ် ကြုံတွေ့လာပါက လက်တွေ့မီးငြှိမ်းသတ်ခြင်းများကို သရုပ်ပြလေ့ကျင့်ကြရာ တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းထိုက်ဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)