ကျောက်တန်း မတ် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စစ်တပင်ကျေးရွာတွင် ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ် စီမံကိန်းစက်ဝန်း (၁၀) ကြိမ်မြောက်အတွက် လည်ပတ်ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေး (၇၁) ဦး၊ မွေးမြူရေ (၈၁) ဦး၊ အရောင်းအဝယ် (၆) ဦး၊ ရေလုပ်ငန်း (၁) ဦး၊ စုစုပေါင်း (၁၅၉) ဦးအား ငွေကျပ် (၄၈၃၅၀၀၀၀/-) အား ချေးငွေကာလ (၁၂) လ၊ အတိုး (၁) ကျပ်နှုန်းဖြင့် ထုတ်ချေးနေမှုကို ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ်နှင့် စီမံကိန်းဝန်ထမ်းများမှ (၁၂.၃.၂၀၂၄) ရက်နေ့တွင် သွားရောက်ကွင်းဆင်းကြီးကြပ်ထုတ်ချေးပေးခဲ့ပါသည်။
ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးရွာ (၄၃) ရွာ ၊ (၄၁) ယူနစ်ဖြင့် စိုက်ပျိုးရေး၊ ရေလုပ်ငန်း၊ မွေးမြူရေး၊ အသေးစားစက်မှုလက်မှု၊ အသက် မွေးဝမ်းကျောင်းလုပ်ငန်းများဖြင့် လူဦးရေစုစုပေါင်း (၆၈၁၄)ဦးအား နိုင်ငံတော်က စုစုပေါင်း ထောက်ပံ့ငွေကျပ် (၁၂၃၀.၀)သန်းနှင့် ယနေ့အချိန်ထိ အတိုးရငွေကျပ် (၁၄၅၆.၀၈၅၃၃၄)သန်း စုစုပေါင်း (၂၆၈၆.၀၈၅၃၃၄) ကျပ်သန်းလည်ပတ်ဆောင်ရွက်လျက်ရှိပြီး မြစိမ်းရောင်အတိုးရငွေ (၅၀%) ဖြင့် လမ်း/ တံတား၊ ရေရရှိရေး၊ မီးလင်းရေး၊ ပညာရေး၊ ခန်းမဆောင်နှင့် အခြား စသည့်လုပ်ငန်းစုစုပေါင်း (၆၂) ခုကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီး မြစိမ်းရောင်စီမံကိန်းမှ အတိုးနှုန်းသက်သာစွာဖြင့် ကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင် ဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နိုင်ပါသဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသည်။
နေလင်းကျော် (ပြန်ဆက်)